Published
Wednesday, April 14, 2021
ဖားအံမြို့မဘောလုံးကွင်း ပြည်သူလက်ဝယ်ပြန်လည်ပေးအပ်ဖို့ ဆောက်လက်စအဆောက်အဦစတင်ဖြိုဖျက် (ဧပြီလ ၁၄၊ ၂၀၂၁)
မူတြော်(ဖာပွန်)ခရိုင်၊ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းက ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ အရွယ် ရွာသားတစ်ယောက်သေဆုံးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖားအံမြို့မဘောလုံးကွင်းကို ပြည်သူလူထုလက်ဝယ် ပြန်လည်ပေးအပ်သွားဖို့ ဆောက်လက်စ အဆောက်အဦတွေကို စတင်ဖြိုဖျက်နေပါတယ်။
စစ်ကောင်စီရဲ့စစ်တပ်ဟာ စစ်ရာဇဝတ်ဥပဒေနဲ့ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူတွေက ဆိုပါတယ်။







