ဝါရာဇွပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်နေ

ဝါရာဇွပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်နေ

ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအတွင်းသို့ ရှဒူးဇွပ် ခလရ (၂၉၇)စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာသားများထိတ်လန့်ပြီး ကြောက်ရွံ့နေကြောင်း သိရသည်။

၎င်းလက်နက်ကြီးသည် ယမန်နေ့ည( ၈)နာရီခန့်က ‌ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး (၄)ကြိမ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ထိုလက်နက်ကြီးများသည် နမ်ဆိုင်ခ (Nam sai Hka) တံတားအောက်၊ ‌နမ်ဆိုင်ချောင်း ရေထဲတွင် ၂ ကြိမ်နှင့် နမ်ဆိုင်ရပ်ကွက်အတွင်းသို့ တစ်ကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

” ရပ်ကွက်အတွင်းပေါက်ကွဲလာတော့ ကြောက်‌ နေကြတာ။ လူမရှိတဲ့ ခြံထဲပေါက်ကွဲခဲ့တာ ထိခိုက်ဒဏ်ရာတော့မရှိဘူး။ နှစ်ဖက်တပ်ကနေ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘဲနဲ့ ရွာအထဲ လက်နက်ကြီးတွေ ပစ်လာတော့ လုံး၀မတရားဘူး” ဟု ပြောသည်။

ဒေသခံရွာသားများသည် ဧပြီလ (၁) ရက်နေ့တွင် KIA မှ ယုဇနကုမ္ပဏီအား မီးရှို့ဖျက်ဆီးသည့် ကိစ္စကြောင့် ရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်‌ နေကြသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...