မြစ်ဆုံအထက်ပိုင်းတွင် ရွှေတူးဖော်မှုများရှိ

မြစ်ဆုံအထက်ပိုင်းတွင် ရွှေတူးဖော်မှုများရှိ

တားမြစ်ဧရိယာဖြစ်သည့် မြစ်ဆုံ အထက်ပိုင်း မလိခ အခြမ်းတွင် လူတစ်စုမှ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ရှိနေကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းစဉ်က တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားသည့် နေရာတွင် ရွှေတူးဖော်မှုများ ရှိနေကြောင်း မျက်မြင်တွေ့ရှိတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

“အရင်တုန်းက တားမြစ်ထားတဲ့ နေရာမှာ ကျမှာပေါ့နော်။ မြစ်ဆုံနား အထက်ဘက်ပိုင်း မလိခဘက်ခြမ်းမှာ ဟုတ်တယ်။ အခု တွေ့ရှိချက်အရ နှစ်ပတ်လောက်ရှိပြီ။ ဘူဒိုဇာ ဘက်ဟိုးတွေနဲ့ ကလော်ပြီး တူးတာ။ စက်ယန္တယားကြီးနဲ့။ တူးတဲ့လူက အယောက် (၃၀) လောက်တော့ ရှိမယ်။”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာသောကြောင့် ထိန်းသိမ်းသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

” လုံးဝကို မလုပ်သင့်တဲ့ နေရာပေါ့။ သဘာဝ ရှုခင်းအရသော်လည်းကောင်း၊ သဘာဝကို ဖျက်ဆီးတဲ့ ပုံစံတွေဆို မလက်ခံနိုင်စရာ အကြောင်း ရှိတဲ့ အရာပေါ့။ အရင်ကတည်းကနေလည်း ရပ်ထားတဲ့ နေရာ။ အခု ဆက်ပြီးတော့လည်း ရပ်ထားရမယ့် နေရာပေါ့။ ဘယ်အစိုးရပဲ တက်လာလာ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ရမယ့် တာဝန်က တာဝန်ယူထားတဲ့ အစိုးရက သူတို့ တာဝန်ပဲ။”ဟု ၎င်းက ဆိုသည်။

မြစ်ဆုံစီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်(၂၀၁၁)ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ မှစပြီး ယာယီရပ်ဆိုင်းထားခြင်း ဖြစ်ပြီး ယခု တားမြစ်ထားသည့် နေရာတွင် ယင်း လူတစ်စုမှ ရွှေတူးဖော်နေသည်မှာ (၂)ပတ် ဝန်းကျင် ကြာမြင့်နေပြီဖြစ်ကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...