ငွေထုတ်ယူခွင့်သာရှိ၍ ငွေလွှဲမရဖြစ်နေသောကြောင့် အခက်ကြုံနေရ

ငွေထုတ်ယူခွင့်သာရှိ၍ ငွေလွှဲမရဖြစ်နေသောကြောင့် အခက်ကြုံနေရ

လက်ရှိဖွင့်လှစ်လျှက်ရှိသောဘဏ်များတွင် ငွေထုတ်ယူခွင့်သာရှိ၍ ငွေလွှဲမရဖြစ်နေသောကြောင့် အသေးစား အလတ်စားလုပ်ငန်းရှင်များ ကုန်သည်များနှင့် သာမန်ပြည်သူများ အခက်အခဲများကြုနေရကြောင်း တွေ့ရသည်။

အချိုရည်ကုမ္ပဏီမှ စာရင်းကိုင်တစ်ဦးက “ရန်ကုန်ကရုံးချုပ်ကို နေ့တိုင်းပိုက်ဆံ သိန်းရာကျော်သွင်းနေရတယ် အခု သင်္ကြံန်နီးတော့ပစ္စည်းတွေလည်း ကုန်သလောက်ဖြစ်နေပြီး ဘဏ်တွေဖွင့်တယ်ဆိုလည်း ပိုက်ဆံထုတ်လို့ပဲရတယ်ဆိုတော့ အခက်အခဲတော့အများကြီးပေါ့ လောလောဆယ်တော့ ရန်ကုန်ကိုအသွားအလာရှိတဲ့အသိတွေနဲ့ ပိုက်ဆံကို လူကြုံနဲ့ ပို့နေရတယ်” ဟု ပြောသည်။

ဗဟိုဘဏ်မှ မတ်လ ၁ ရက်နေ့မှစတင်၍ ဘဏ်၌တစ်ပတ်လျှင် အများဆုံးသိန်း ၂၀ သာထုတ်ယူခွင့်ပြုကြောင်း၊ စီးပွားရေးဆိုင်ရာကုမ္ပဏီကြီးများနှင့် အဖွဲ့အစည်းကြီးများကို တစ်ပတ်လျှင် သိန်း ၂၀၀ အထိ ထုတ်ခွင့်ပေးကြောင်း သိရသည်။

ထို့အပြင် အင်တာနက်ပြတ်တောက်နေမှုကြောင့် သာမန်ပြည်သူများ Mobile Banking စနစ်အသုံးပြုမှုအခက်အခဲရှိလာသောကြောင့် ငွေထုတ်ယူရန် ATM သို့မဟုတ် ဘဏ်များရှေ့တွင် နာရီနှင့်ချီပြီး စောင့်ဆိုင်းနေကြရကြောင်း ငွေထုတ်ယူသူအများစုက ပြောသည်။

“တုံကင်စနစ်နဲ့လုပ်ပေးတယ်၊ တုံကင်ရဖို့ကို နာရီနဲ့ချီစောင့်ရတယ် ရလာတော့လည်း သောကြာနေ့မှ လာထုတ်လို့ရမှာတဲ့ အခြားသူတွေလည်းအဲ့လိုပဲ နောက် ၃ ရက် ၄ ရက်နေမှ လာထုတ်ဖို့ပြောတယ်၊ ပိုက်ဆံထုတ်တဲ့နေ့ကျရင်လည်း ဘယ်လိုလာအုံးမလဲတော့မသိဘူး” ဟု တုံကင်ယူခဲ့သူတစ်ဦးက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အာဏာရယူပြီးချိန်မှစတင်၍ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ CDM လှုပ်ရှားမှုကြောင့် ဘဏ်လုပ်ငန်းအားလုံးရပ်တန့်ခဲ့ရပြီးနောက် ယခုအခါ ပုဂ္ဂလိက ဘဏ်အများစုပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း အကန့်အသတ်များဖြင့်သာ ဝန်ဆောင်မှုနေရကြောင်း သတင်းရရှိသည်၊

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...