Published
Thursday, May 04, 2017
ကရင်နီဘာသာ အစီအစဉ် (မေလ ၀၄၊ ၂၀၁၇)
ကယားပြည်နယ်နေ့ပွဲတော်ကျင်းပတဲ့ကွင်းအနီး ပြည်နယ်အစိုးရက ဦးဆောင်ပြီး တည်ထားမယ့်စေတီအပေါ် ကယား(ကရင်နီ) လူမှုအသိုင်းအဝန်းတွေက Facebook ပေါ်မှာ ကန့်ကွက်ဆွေးနွေးနေကြပါတယ်။
စနစ်ပြောင်းကောက်ခံလိုက်တဲ့ မြို့ဝင်ဘီးခွန်ကို နှစ်ပတ်အတွင်း ကျပ် ၂၅ သိန်း ကောက်ခံရရှိတယ်လို့ ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ပြောပါတယ်။
သီးနှံတွေရဲ့အရည်အသွေးတွေကြောင့် သီးနှံစျေးနှုန်းကို အာမခံပေးလို့ မရဘူးလို့ ကယားပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။






