ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားပိတ်စစ်ကြောင်းမှ ရှမ်းနီအမျိုးသမီးတစ်ဦးပြန်လည်လွတ်မြောက်

ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားပိတ်စစ်ကြောင်းမှ ရှမ်းနီအမျိုးသမီးတစ်ဦးပြန်လည်လွတ်မြောက်

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပစ်ခတ်ဖြိုခွင်းဖမ်းဆီးခံခဲ့ရသည့် တိုင်းရင်းသား သပိတ်စစ်ကြောင်းမှ ရှမ်းနီအမျိုးသမီးတစ်ဦး ယနေ့ပြန်လည်လွှတ်မြောက်ခဲ့ကြောင်း သိရသည်။

၎င်းသည် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးဖြစ်သည်။

မန္တလေး အိုးဘိုထောင်တွင် တစ်လနီးပါး ဖမ်းဆီးခံထားရပြီး ယနေ့တွင် ပြန်လည်လွှတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့တွင် တိုင်းရင်းသားသပိတ်မှ ၁၁ ဦးနှင့် တခြားသပိတ်စစ်ကြောင်းမှ ၄၅ ဦးကျော် တစ်နေရာတည်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပါဝင်သူများထံမှသိရသည်။

တခြားသပိတ်စစ်ကြောင်းမှ ၄၅ ဦးကျော်ကို မတ်လ ၃ ရက်နေ့တွင် အားလုံးပြန်လည်လွှတ်မြောက်လာခဲ့သည်။

သို့သော်လည်း တိုင်းရင်းသား သပိတ်မှ ၁၁ ဦးကို လွှတ်ပေးခဲ့ခြင်းမရှိပေ။

၎င်း့တိုကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားသပိတ်တွင် ရှမ်းနီတိုင်းရင်းသူ ၄ ဦးပါဝင်သည်။

April 2, 2026
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းနယ်စပ်ဖြစ်တဲ့ ထီးချိုင့်မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးက...
April 1, 2026
နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ဆောင်ရွက်ရမယ့်...
March 31, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ် ခိုပဲဝဆိပ်ကမ်းမှာ...
March 28, 2026
နေ့စဉ်ဆီတန်းစီစရာမလိုတော့ဘဲ စက်စွမ်းအားအလိုက်ဝယ်ယူခွင့်ပမာဏအတွက် အကြိမ်ရေနဲ့...