ဝိုင်းမော်ဆန္ဒပြရာတွင် ဖမ်းဆီးခဲ့သည့် အမျိုးသမီးနှစ်ဦး၏ အမှု ရုံးထုတ်စစ်ဆေး

ဝိုင်းမော်ဆန္ဒပြရာတွင် ဖမ်းဆီးခဲ့သည့် အမျိုးသမီးနှစ်ဦး၏ အမှု ရုံးထုတ်စစ်ဆေး

ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီးခံခဲ့ရသည့် ဒေါ်လငန်လွမ်းနော် နှင့်ဒေါ်စတန်ဇေညွယ်တို့နှစ်ဦး၏ အမှုအား ယနေ့ မတ်လ (၁၉) ရက်နေ့တွင် တရားလိုဖြစ်သူ ဒုရဲမှူးမြင့်ဇော်ဦးကို စတင်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံအမှုသည်နှစ်ဦးလုံးကိုသဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာဥပဒေပုဒ်မ(၂၉)ဖြင့် ဒုရဲမှူးမြင့်ဇော်ဦးကတရားလိုပြုအမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သူတို့နှစ်ယောက်ကသက်သက်စီ အမှုဖွင့်ထားတာပါ။ တရားလိုတော့ဒုရဲမှူးမြင့်ဇော်ဦးပဲ။အရင်ရုံးချိန်တွေတုန်းကတော့ Video Coferencing နဲ့ပဲစစ်ဆေးခဲ့တယ်။ဒီနေ့တော့ရုံးထုတ်တယ်။ ” ဟုအမှုသည်၏ရှေ့နေဦးသက်ထွန်းဦးကပြောသည်။

၎င်းတို့နှစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်တွင် ချုပ်ထားပြီး ယခင်ရုံးချိန်များတွင် ရုံးထုတ်ခြင်းမရှိဘဲ ယနေ့မှ စတင်ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လာမည့် ရုံးချိန်ကို မတ်လ (၃၀)ရက်နေ့၌ သတ်မှတ်ခဲ့ပြီး ထို့နေ့တွင်ထပ်မံ၍ တရားလိုပြသက်သေများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ရှေ့နေဦးသက်ထွန်းဦးက ဆိုသည်။

ဝိုင်းမော်မြို့တွင် ဆန္ဒပြခဲ့သည့်ကျောင်းဆရာဒေါ် လငန်းလွမ်းနော်နှင့် ဒေါ်စတန်ဇေညွယ်တို့ကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဖမ်းဆီးကာ အထက်ပါအတိုင်း အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...