ဌာနေပြည်သူ့စစ်စခန်းကို KIA ပစ်ခတ်တိုက်ခိုက်

ဌာနေပြည်သူ့စစ်စခန်းကို KIA ပစ်ခတ်တိုက်ခိုက်

ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမကြီးရှိ ဝါရာဇွပ် ကျေးရွာ အုပ်စု စံပြကျေးရွာ အစွန်ပိုင်းတွင် ရှိသည့် ဌာနေပြည်သူ့စစ်စခန်းကို KIA တပ်ဖွဲ့ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

၎င်းတပ်စခန်းသည် ခလရ ၂၉၇ တပ်ရင်း လက်အောက်ခံမှ ဖြစ်ပြီး KIA တပ်မဟာ ၂ တပ်ရင်း ၁၄ တို့နှင့် တိုက်ပွဲ ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” ဒီမနက် ၂ နာရီခွဲလောက်ကနေ သေနတ်သံတွေကြားရတယ် လက်နက်ကြီး အသံ တွေလည်း ပါတယ် မနက် ၅ နာရီအချိန်လောက်မှ ငြိမ်သွားကြတာ” ဟု စံပြကျေးရွာသား တစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရွာအတွင်းသို့ ကျည်၊လက်နက်ကြီးများ ၊ကျရောက်ပေါက်ကွဲ ခြင်းမရှိခဲ့ကြောင်းလည်း ဒေသခံများမှ သိရသည်။

ဌာနေပြည်သူ့စစ်စခန်းသည် ယခင်က ရှဒူးဇွပ် ကျေးရွာတွင်ရှိပြီး ၂၀၁၉ ခုနှစ် တွင် စံပြကျေးရွာသို့ ပြောင်းရွှေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...