မြစ်ကြီးနားမြို့တွင် ဆန္ဒပြသူများကို ကူညီရာတွင် အသုံးပြုသည့် ကားနှစ်စီးအား သိမ်းဆည်း

မြစ်ကြီးနားမြို့တွင် ဆန္ဒပြသူများကို ကူညီရာတွင် အသုံးပြုသည့် ကားနှစ်စီးအား သိမ်းဆည်း

မြစ်ကြီးနားမြို့ တပ်ကုန်းမြောက်၊ အင်ဂျန်ဒုံရပ်ကွက်၌ ဆန္ဒပြသူများကို ကူညီရာတွင် အသုံးပြုသည့် ကားနှစ်စီးကို ရဲနှင့် စစ်သားများက သိမ်းဆည်းသွားကြောင်း သိရသည်။

အဆိုပါကားနှင့်အတူ ငွေ များအပြင် လူများလည်းဖမ်းသိမ်းဆည်းခံခဲ့ရကြောင်း ဆန္ဒပြရာတွင် ကူညီပေးနေသည့်အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အဖွဲ့သုံးတဲ့ကားဟုတ်တယ်။ ငွေက ကျဆုံးသွားတဲ့မိသားစုဝင်တွေ၊ ဒဏ်ရာရရှိသူတွေ၊ CDM ဝင်သူတွေကိုလှူမယ့်ငွေ ၅ သိန်းဝန်းကျင်လောက်ပါသွားတယ်။ လူကတော့ နှစ်ယောက်နဲ့အထက်ရှိတယ်။ တိတိကျကျတော့ကျွန်တော်မသိဘူး။ ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

၎င်းတို့အဖွဲ့အနေဖြင့် (၁)လကျော်အတွင်းလှူခဲ့သည့်အလှူငွေမှာ သိန်း (၁၀၀)ကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...