ပြည်သူတွေကို သတ်ဖြတ်လာရင်တော့ KIO/ KIA ကလည်း နည်းလမ်းတစ်ခုခုနဲ့ ပါ၀င် လာနိုင်တဲ့ အခြေအနေအများကြီးရှိတယ် ဟု KIO ပြော

ပြည်သူတွေကို သတ်ဖြတ်လာရင်တော့ KIO/ KIA ကလည်း နည်းလမ်းတစ်ခုခုနဲ့ ပါ၀င် လာနိုင်တဲ့ အခြေအနေအများကြီးရှိတယ် ဟု KIO ပြော

မတရားလွန်လာပါက KIO/ KIA အနေဖြင့် နည်းလမ်း တစ်ခုခုနှင့် ပါ၀င်မည်ဖြစ်‌ ကြောင်း KIO / KIA သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံံ ဗိုလ်မှူးကြီးနော်ဘူက ဒီက နေ့ မြစ်ကြီးနားမြို့ ဆန္ဒထုတ်‌   ဖော်သည့် ပြည်သူများ သွေးထွက်သံယို ဖြစ်လာသည့် အပေါ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ပြည်သူလူထုကို ထိလာရင်တော့ နည်းလမ်းတစ်ခုခုနဲ့ ပါ၀င်မှာဖြစ်တယ် KIA / KIO က ပြည်သူလူထုနဲ့ တစ်ထပ်တည်းရှိ‌ နေတယ်။ပြည်သူလူထုကို သတ်ဖြတ်တယ် ဆိုရင်တော့ ကျွန်တာ်တို့ KIO/ KIA လည်း လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်လာရင်တော့ ကျွန် တော်တို့ KIO/ KIA တွေကလည်း နည်းတစ်ခုခုနဲ့ ပါ၀င် လာနိုင်တဲ့ အခြေအနေအများကြီးရှိတယ်" ဟု ဗိုလ်မှူးကြီးနော်ဘူ က မြစ်ကြီးနားသတင်းဂျာနယ် သို့ပြောသည်။

မြစ်ကြီးနားမြို့က ဆန္ဒပြပြည်သူလူထုများ သွေးထွက်သံယို ဖြစ်အောင် ရဲနှင့်တပ်မှ လက်နက်ဖြင့်ပစ်ခတ်ဖြိုခွင်းမှုကို အလွန်၀မ်းနည်း ကြေကွဲပြီး ပြည်သူလူထုနှင့် ထပ်တူ ဖြစ်ကြောင်း KIO/KIA က ပြောသည်။

ယခုကဲ့သို့ သွေးထွက်သံယို မဖြစ်အောင် KIO/ KIA က ပြီးခဲ့သည့်လက ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ထားပြီဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း PCG မှတစ်ဆင့် အကြမ်းဖက်နည်းလမ်းနှင့် ‌မဖြေရှင်းရန် ပြောဆိုထားပြီဖြစ်သည်။

ထို့အပြင် အာဏာရှင်စနစ် အမြစ်ပြတ် ကျရှုံးရေး ဆန္ဒထုတ် ဖော်နေသည့် ပြည်သူများကိုလည်း ဆက်လက်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရန် တိုက်တွန်းထားသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...