ပြည်သူတွေကို သတ်ဖြတ်လာရင်တော့ KIO/ KIA ကလည်း နည်းလမ်းတစ်ခုခုနဲ့ ပါ၀င် လာနိုင်တဲ့ အခြေအနေအများကြီးရှိတယ် ဟု KIO ပြော

ပြည်သူတွေကို သတ်ဖြတ်လာရင်တော့ KIO/ KIA ကလည်း နည်းလမ်းတစ်ခုခုနဲ့ ပါ၀င် လာနိုင်တဲ့ အခြေအနေအများကြီးရှိတယ် ဟု KIO ပြော

မတရားလွန်လာပါက KIO/ KIA အနေဖြင့် နည်းလမ်း တစ်ခုခုနှင့် ပါ၀င်မည်ဖြစ်‌ ကြောင်း KIO / KIA သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံံ ဗိုလ်မှူးကြီးနော်ဘူက ဒီက နေ့ မြစ်ကြီးနားမြို့ ဆန္ဒထုတ်‌   ဖော်သည့် ပြည်သူများ သွေးထွက်သံယို ဖြစ်လာသည့် အပေါ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ပြည်သူလူထုကို ထိလာရင်တော့ နည်းလမ်းတစ်ခုခုနဲ့ ပါ၀င်မှာဖြစ်တယ် KIA / KIO က ပြည်သူလူထုနဲ့ တစ်ထပ်တည်းရှိ‌ နေတယ်။ပြည်သူလူထုကို သတ်ဖြတ်တယ် ဆိုရင်တော့ ကျွန်တာ်တို့ KIO/ KIA လည်း လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်လာရင်တော့ ကျွန် တော်တို့ KIO/ KIA တွေကလည်း နည်းတစ်ခုခုနဲ့ ပါ၀င် လာနိုင်တဲ့ အခြေအနေအများကြီးရှိတယ်" ဟု ဗိုလ်မှူးကြီးနော်ဘူ က မြစ်ကြီးနားသတင်းဂျာနယ် သို့ပြောသည်။

မြစ်ကြီးနားမြို့က ဆန္ဒပြပြည်သူလူထုများ သွေးထွက်သံယို ဖြစ်အောင် ရဲနှင့်တပ်မှ လက်နက်ဖြင့်ပစ်ခတ်ဖြိုခွင်းမှုကို အလွန်၀မ်းနည်း ကြေကွဲပြီး ပြည်သူလူထုနှင့် ထပ်တူ ဖြစ်ကြောင်း KIO/KIA က ပြောသည်။

ယခုကဲ့သို့ သွေးထွက်သံယို မဖြစ်အောင် KIO/ KIA က ပြီးခဲ့သည့်လက ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ထားပြီဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း PCG မှတစ်ဆင့် အကြမ်းဖက်နည်းလမ်းနှင့် ‌မဖြေရှင်းရန် ပြောဆိုထားပြီဖြစ်သည်။

ထို့အပြင် အာဏာရှင်စနစ် အမြစ်ပြတ် ကျရှုံးရေး ဆန္ဒထုတ် ဖော်နေသည့် ပြည်သူများကိုလည်း ဆက်လက်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရန် တိုက်တွန်းထားသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...