အင်အားကို အလွန်အကျွံသုံးတယ်လို့ယူဆတယ်- UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်

အင်အားကို အလွန်အကျွံသုံးတယ်လို့ယူဆတယ်- UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်

မင်းအစိုင်း - လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများမဟာမိတ်အလုပ်အဖွဲ့၏ သဘောထားထုတ်ပြန်ချက်ကို ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အပေါ် UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်အား မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး-စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာနဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲ?

ဒါကတော့ အခုချိန်မှာ မနေ့က (28-2-2021) ဖြစ်သွားတဲ့ ကိစ္စပေါ့ဗျာ၊ အတော်လေး အင်အားသုံးတယ်ပေါနော်၊ အမှန်ကတော့ အပြစ်မဲ့ ပြည်သူတွေ လူငယ်တွေ အမျိုးသမီးတွေ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်တာလေ။ အဲတာကို ဖြိုခွင်းတယ် ဆိုတဲ့ အခါမှာ သာမန်ဆန္ဒဖော်ထုတ်တဲ့ ဟာတွေကို သုံးနေကြ လက်နက်တွေမကဘူး တကယ့် ကျည်အစစ်တွေနဲ့ ပစ်တာဆို့ ခတ်တာတို့ တစ်နိုင်ငံလုံးမှာဆိုရင် လူပေါင်း ၂၀ ကျော်လောက် အမျိုးသမီးတွေ၊ ကလေးတွေ၊ ပစ်ခတ်ခံပြီးတော့ သေကြတယ် ဒါတွေကတော့ အင်အားကို အလွန်အကျွံသုံးတယ်လို့ယူဆတယ်။ ဒါကြောင့် ဒါမျိုးတော့ မဖြစ်သင့် အကုန်လုံးက ကျွန်တော်တို့ နိုငိငံသားတွေပဲဆိုပြီးတော့ အဲဒီရပ်တည်ချက်အနေနဲ့ UNA မိတ်ဖက်အနေနဲ့ အဖွဲ့အစည်းက ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

မေး-ကြေညာချက်မှာ အဓိက ဘာကိုတောင်းဆိုချင်ပါသလဲ?

ဖြေ-ဒီဟာကတော့ ဘယ်ဟာပဲဖြစ်ဖြစ်လေ ဒီလို ဖြစ်လာတိုင်းမှာ ကြားဝင်စေ့စပ်ဖို့ အဖွဲ့အစည်း ဒါမျိုးတွေကို ဖွဲ့ကြရမှာပဲ။ တစ်ဖက်ကလည်း ဒီအတွက်ကို လမ်းဖွင့်ပေးဖို့ လိုတာပေါ့ဗျာ။ အဲလို မဟုတ်ပဲနဲ့ ဖြစ်လာတိုင်းကို လက်နက်အားကိုးနဲ့ ကိုယ့်ပြည်သူကို နိမ်နှင်းမယ်ဆိုလို့ရှိရင် ဒီဟာတွေက သမိုင်းမှာ မကောင်းဘူးပေါ့နော် သမိုင်းအကြွေး ဖြစ်သွားမှာပေါ့။ ရှေ့မှာလည်း ကျွန်တော်တို့ နိုင်ငံမှာ အဲလို ဒီဆန္ဒပြပွဲတွေ၊ လူထုအုံကြွမှုတွေ လူထုတော်လှန်ရေးတွေ အများကြီး ဖြစ်ခဲ့တယ်။ သူတို့တွေက အင်အားသုံးပြီး ဖြေရှင်းခဲ့တာတွေပဲ ရှိတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ နိုင်ငံဟာ အတော်လေး နာတယ်ပေါ့ဗျာ။ ဆိုလိုတာက ထိခိုက်ခံစားရတဲ့ လူတွေ၊ သူတို့ရဲ့ အရိုးတွေတွန်ကြတယ်ပေါ့ဗျာ။ အဲဒီဟာကြောင့်လည်း မကြာမကြာ ကျွန်တော်တို့နိုင်ငံမှာ အုပ်ချုပ်မှု အမှားတွေ၊ ပြဌာန်းထားတဲ့ ဥပဒေအလွဲတွေကြောင့် အဲလိုဟာမျိုးတွေ ဖြစ်တာပေါ့။ ဒီတော့ ဒီလိုဟာတွေကြောင့် အကောင်းဆုံးနည်းကတော့ စေ့စပ်ညှိနှိုင်းပြီးတော့ အဖြေရှာခြင်းသည်သာ အကောင်းဆုံးလို့ကျနော်တို့ မြင်ပါတယ်။

မေး-အခုဆန္ဒပြနေတဲ့လူငယ်အပေါ် ဘယ်လိုမြင်သလဲ?

ဖြေ-အခုအနေအထားက ကျွန်တော်တို့ ၈၈ နဲ့ အရမ်းကွာတယ်ဗျ။ ကျွန်တော်တို့ကလည်း ၈၈ တုန်းက လူငယ်လေးတွေပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ကို သင်ပေးလိုက်တာက မဆလရဲ့ ပညာရေးနဲ့ ကျွန်တော်တို့က ကြီးပြင်းခဲ့တာလေ။ ကျွန်တော်တို့က သူတို့သင်ပေးသလောက်ပဲ ဖတ်မှတ်သိနိုင်တဲ့ အားရှိတာပေါ့လေ။ နောက်တစ်ခါ ပုံစံမတူတာက မဆလ ခေတ်မှာ အဲကနေပြီးတော့ မဆလပါတီရဲ့ ဥက္ကဋ္ဌကြီး ကိုယ်တိုင်ကလည်း စကတဲ့ကလည်း စစ်သားဆိုတာ မိုးပေါ်ထောင် မပစ်ဘူးဆိုတဲ့ ဟာမျိုးနဲ့ Challenge လုပ်တာပေါ့ဗျာ ပြည်သူတွေကို ကျွန်တော်တို့ခူငယ်တွေကလည်း အဲကနေ မကျေနပ်မှုတွေကများနေတော့ သွေးဆူတာပေါ့ ဒီတော့ အကုန်လုံးချကုန်ကြတာပေါ့။ ဒါက ပုံစံတစ်မျိုး။ ဒါပေမဲ့ ဒီဖက်ခေတ်မှာကြတော့ လူငယ်တွေက ကျွန်တော်တို့ မသင်ထားတဲ့ ပညာတွေ အများကြီး သူတို့သင်တယ်ဗျ။ သူတို့တွေ နိုင်ငံတကာအတွေ့အကြုံတွေ အများကြီးရှိတယ်။ နိုင်ငံတကာမှာ ဖြစ်နေတဲ့ အရေးအခင်းတွေ သူတို့ စာတွေ့ လက်တွေ့ အကုန်လုံးလည်း ခေတ်ကာလလည်း မတူတော့ သူတို့လည်း ကမ္ဘာအနှံ့က Screen ပေါ်မှာ လေးလာလို့ရတယ်။ ဖတ်လို့ရတယ်။ သူတို့ရဲ့ မိတ်ဆွေတွေ ဆီကနေသော်လည်းကောင်း၊ အွန်လိုင်းကနေ သော်လည်းကောင်း အဲလိုဟာမျိုးတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ အရမ်းမြင့်သွားပြီ ဒီတော့ဘဒီနေ့လူငယ်တွေရဲ့ အပြုအမှုတွေကလည်း ကျွန်တော်တို့ ခေတ်ကလို ဒေါသနဲ့ မဟုတ်တော့ဘူးဗျ။ သူတို့ရဲ အတွေးအခေါ်က အရမ်းကို မြင့်တယ်။ အဲဟာမျိုးနဲ့တော့ ဖြစ်ဖို့ မထင်ဘူး။ လူငယ်တွေရဲ့ အပြုအမူက အရမ်းကို အဆင့်မြင့်တယ် ဒီဟာကိုလည်း လူငယ်တွေက ဆက်ပြီး ထိန်းထားဖျု့လိုတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ G Z ဒီဟာတွေဟာ ကမ္ဘာကကို အတုယူနိုင်တဲ့ နည်းတစ်ခု ဖြစ်လာဖို့အတွက် ကျွန်တော်အနေနဲ့ အဲလိုတောင် မျော်လင့် မိပါတယ်။

မေး-ဘာများ မှာကြားလိုပါသလဲ?

ဖြေ- ကျွန်တော်တို့ကတော့ အခုရှိနေတဲ့ လူငယ်လေးတွေကို ဦးဆောင်နေတဲ့ လူငယ်တွေ၊ ဦးဆောင်တယ်ဆိုတာ အမှန်တော့ Network ချိတ်တယ်ဆိုတာ ဘေးတိုက်သွားကြတာပေါ့ဗျာ။ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ သတိထားရမှာက ကျွန်တော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက် အုပ်ချုပ်လာတဲ့ လူတွေရဲ့ အပြုအမူ အကျင့်တွေက ကျွန်တော်တို့ ဒီလူတွေထဲမှာ လာပြီးတော့ အဖျက်အမှောင့်လုပ်မယ့် လူတွေ၊ ဒါမျိုးတွေကို ထည့်လေးရှိတယ်ဗျ။ဒလို အဖျက်အမှောင့်တွေကြောင့် လူငယ်တွေရဲ့ စုစည်းမှုဟာ ပြိုကွဲသွားနိုင်တယ်။ ကိုယ့်အထဲမှည နေပြီးတော့ ကိုယ့်အတွင်းစည်းပြိုပြီးတော့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ ဒါတွေကိုတော့ အထူးသတိထားစေချင်တယ်လို့။ လူငယ်တွေရဲ့ အခုသွားနေတဲ့ဟာက အရမ်းကောင်းပါတယ် သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ သူတို့ကိုသူတို့ကာကွယ်ဖို့ အင်္ကျီလက်ရှည်တွေနဲ့ Gas Mask ဒါတွေနဲ့ပဲ သူတို့မှာ ပါတာပါ။ အခုရှိနေတဲ့ အချိန်ကို ထိန်းထားပေးပါလို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

မေး-ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် မွန်သတင်းအေဂျင်စီက အထူးပဲကျေးဇူးတင်ရှိပါတယ်။

Most read this week

May 20, 2024
မွန်ပြည်သစ်ပါတီ-စစ်အာရှင်တိုက်ဖျက်ရေး ( NMSP-AD ) သက်တမ်း ၃ လပြည့်အနေဖြင့် ပြည်တွင်းပြည်ပရှိ...
May 17, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရာသီပွဲတော်အကြောင်းပြကာ ...
May 16, 2024
မွန်အမျိုးသားပညာရေးဌာနအောက်ရှိ စာသင်ကျောင်းတို့တွင် လာမည့်စာသင်နှစ်အတွက် သင်ကြားရေးဝန်ထမ်းအဖြစ်...
May 15, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်းရှိ ကုလားဂုတ်ကျွန်း၌ ငါးဖမ်းစက်လှေတို့နှင့်...