ချီဖွေမြို့နယ်တွင်ဆက်လက်ဆန္ဒပြမည်ဆိုပါက သက်ဆိုင်ရာခွင့်ပြုချက်ယူရမည်ဟုဆို

ချီဖွေမြို့နယ်တွင်ဆက်လက်ဆန္ဒပြမည်ဆိုပါက သက်ဆိုင်ရာခွင့်ပြုချက်ယူရမည်ဟုဆို

ချီဖွေမြို့နယ်တွင် ဆန္ဒပြပြည်သူလူထုကို ဆက်လက် ဆန္ဒထုတ်ဖော်မည်ဆိုပါက (၄၈)နာရီအတွင်း ခွင့်ပြုမိန့်နှင့် ကြွေးကြော်မည့် စာတမ်းများကို လျှောက်ထားရမည်ဟု သက်ဆိုင်ရာက ပြောဆိုကြောင်း သိရသည်။

အဆိုပါမြို့ရှိ ဘာသာရေးသင်းအုပ်ဆရာများ၊ အုပ်ချုပ်ရေးမှူးများ နှင့် ရိုးရာယဉ်ကျေးမှုကော်မတီဥက္ကဌများကို ယနေ့နံနက် ၈ နာရီခွဲဝန်းကျင်က အထွေထွေအုပ်ချုပ်ရေးမှုးရုံးသို့ခေါ်ယူကာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးက ထို့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“သူတို့က ပစ်မိန့်နဲ့ ဖမ်းဆီမိန့်ရှိတဲ့အတွက် ဆန္ဒပြတာဆက်မလုပ်ဖို့ ပြည်သူလူထုကိုနားချပေးဖို့ လူကြီးတွေကို ပြောခဲ့တာလို့သိရပါတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာကတောင်းဆိုမှုများကို လိုက်လျောမည်မဟုတ်ကြောင်း နှင့် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ လုပ်ဆောင်ချက်များဖြင့်သာ ၎င်းတို့လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့က ချီဖွေပြည်သူတွေက တောင်ပေါ်သားဆိုပြီး အထင်သေးတဲ့သဘော သက်ရောက်ပါတယ်။ တစ်နိုင်ငံလုံးက ဆန္ဒပြပြည်သူတွေလည်း ခွင့်တောင်းတယ်ဆိုရင်တော့ လုပ်မယ်။” ဟု ဒေသခံပြည်သူတစ်ဦးကဆက်လက်ပြောသည်။

ယင်းမြို့ရှိပြည်သူလူထု အနေဖြင့် ဆန္ဒပြခြင်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး ယနေ့အထိ နေ့စဉ်လုပ်ဆောင်နေကြောင်းလည်းသိရသည်။

April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...