ကျောက်စိမ်းမြေမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ

ကျောက်စိမ်းမြေမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ

ဖားကန့်မြို့နယ် ဟောင်ပါး တာမခံ ကျေးရွာအုပ်စု နှင့် အနီးနားကျေးရွာများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု ဖေဖော်ဝါရီ (၈) ရက်နေ့ကတည်းက ပြုလုပ်ခဲ့သည်မှာ (၁၂) တိုင်ခဲ့ပြီဖြစ်သည်။

အစိုးရ ဝန်ထမ်းများ ၊ တိုင်းရင်းသားအဖွဲ့အစည်းများ ၊ လူငယ်များ ၊ ကျောက်စိမ်းကုန်သည်များ ပါဝင်ခဲ့ကြသည်။

စီတန်းလမ်းလျှောက်မှုများ ၊ ထိုင်သပိတ်များ ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့ပြင် လမ်းမပေါ်တွင်လည်း "စစ်အာဏာရှင်အလိုမရှိ" စာသားကို ပုံဖော်ရေးထားခဲ့ကြသည်။

ဖားကန့်မြို့ပေါ် ရပ်ကွက်များတွင်လည်း စစ်အာဏာရှင် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများကို နေ့စဉ်ပြုလုပ်လျက်လည်း ရှိနေသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...