အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ရပ်ဆိုင်ထားမည်ဟု NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ရပ်ဆိုင်ထားမည်ဟု NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ရပ်ဆိုင်ထားမည်ဟု တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်နေ့)တွင် ထုတ်ပြန်လိုက်သည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၀ နေ့အထိ ကျင်းပခဲ့သည့် PPST ၏ ဒုတိယအကြိမ်အထူးအစည်းအဝေးမှ ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရေးပါလှတဲ့ဆုံးဖြတ်ချက်တစ်ခုကိုလည်း ဒီအထူးအစည်းမှာ တခဲနက်ချမှတ်နိုင်ခဲတယ်။ အဲဒါကတော့ လက်ရှိကာလမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးအရတွေ့ဆုံးဆွေးနွေးညိုနှိုင်းမှုများကို ရပ်ဆိုင်ထားမည် ဆိုတာပဲဖြစ်တယ်” ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

PPST ၏ ထုတ်ပြန်ချက်တွင် ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် ပြည်သူလူထုများအား အကြမ်းဖက်သောနည်းလမ်းများဖြင့် နှိမ်နင်းခြင်းများကို ကန့်ကွက်ကြောင်း ဆိုသည်။

“မတရားဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်များနဲ့ လူပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးနဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုအပါအဝင် ငြိမ်းချမ်းစွာလူထုအရေးတော်ပုံ ဆင်နွဲ့ခြင်းများကို အာဏာသိမ်း စစ်ကောင်စီက အင်အားသုံးပြီး အကြမ်းဖက်နည်းလမ်းများနဲ့ နှိမ်နင်းခြင်း လုံးဝမပြုလုပ်ရေးအတွက် နည်းလမ်းရှာ ကာကွယ်ဖို့ ဒီအစည်းအဝေးမှာဆုံးဖြတ်နိုင်ခဲ့တယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် လက်ရှိနိုင်ငံရေးပြဿနာများကို နည်းလမ်းရှာဖြေရှင်းနိုင်ရေးအတွက် နိုင်ငံ တကာအသိုင်းအဝိုင်းအပါအဝင် ပြည်တွင်းပြည်ပအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာသိမ်းခြင်းကိုဆန့်ကျင်သည့် CDM အပါအဝင် လူထုလှုပ်ရှားမှုများအားလုံးကို အပြည့်အဝထောက်ခံပြီး ထိုလှုပ်ရှားမှုများနှင့်စပ်လျပ်း၍ လိုအပ်သောပံ့ပိုးမူများအတွက် နည်းလမ်းရှာ ပံ့ပိုး သွားမည်ဖြစ်ကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...