တပ်မတော်အာဏာသိမ်းမှုအား ကန့်ကွက်ဆန္ဒပြသည့် တောင်ကုတ် ဒေသခံ ၃ ဦး ဖမ်းဆီးခံရ

တပ်မတော်အာဏာသိမ်းမှုအား ကန့်ကွက်ဆန္ဒပြသည့် တောင်ကုတ် ဒေသခံ ၃ ဦး ဖမ်းဆီးခံရ

ဆောင်းဇာခြည် - တပ်မတော်အာဏာသိမ်းမှုအား ကန့်ကွက်ဆန္ဒပြသည့် တောင်ကုတ်မြို့မှ ဒေသခံ ၃ ဦးသည် ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံလိုက်ရသူတို့မှာ တောင်ကုတ် NLD ပါတီမှ ဦးချစ်မောင်မောင်၊ NLD ပါတီ လူငယ်တာဝန်ခံ ကိုဇော်ဝင်းအောင်နှင့် တောင်ကုတ်မြို့ဒေသခံ ဦးခင်သန်းတို့ဖြစ်သည်။ ၄င်းတို့သည် တပ်မတော်အာဏာသိမ်းမှုအား ယနေ့ နံနက် ၉ နာရီခန့်က ကန့်ကွက်ဆန္ဒပြခဲ့စဉ် တော်မတော်သားအချို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံ ကိုစိုးသီဟက ပြောသည်။

“ချစ်မောင်မောင်ကိုက ဆန္ဒပြနေတဲ့နေရာက ဖမ်းသွားတာ။ နောက် နှစ်ယောက်ကိုကျတော့ သူတို့ ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ သွားတာကို လမ်းကနေပြီးတော့ ဖမ်းသွားတာ။ အဲဒီနှစ်ယောက်က ဒီနေ့ ဆန္ဒပြတဲ့အထဲမှာ ပါလားမပါလားတော့ ကျွန်တော်လည်း မသိဘူးပေါ့နော်။ တပ်က ဖမ်းသွားတာပါ။” ဟု နိရဥ္စရာသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းက တောင်ကုတ်မြို့မှ ဒေသခံ ၅၀ ဦးခန့်က တပ်မတော်အာဏာသိမ်းမှုအား ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သူက ဆက်ပြောသည်။

“ဒီနေ့က ဆန္ဒထုတ်ဖော်ဖို့ စပြီး ထွက်ကတည်းက ဖမ်းသွားတာပေါ့။ တောင်ကုတ်မှာ အရင်က ဖမ်းထားတာတွေလည်း ရှိတယ်။ အခု ဖမ်းသွားတာလည်း သုံးယောက်ပေါ့။ သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားလဲတော့ ကျွန်တော်တို့ မသိပါဘူး။” ဟု ပြောသည်။

ယခုလအတွင်း တပ်မတော်အာဏာသိမ်းပြီးနောက် တောင်ကုတ်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူများမှာ စုစုပေါင်း ၈ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

၄င်းတို့မှာ NLD ပါတီမှ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ ပါတီဝင် ကိုသန့်ဇင်ဖြိုး၊ ဦးချစ်မောင်မောင်၊ ကိုဇော်ဝင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဒေါ်အိသဇင်ကျော်နှင့် ဒေသခံ ဦးခင်သန်းတို့ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဖမ်းဆီးခံလိုက်ရသည့် ဦးချစ်မောင်မောင်အား တွေ့ရစဉ်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...