မိုးညှင်းမြို့အုပ်ချုပ်ရေးမှူး ရုံးရှေ့က ထိုင်သပိတ် လုံခြုံရေးများနှင့် တင်းမာခဲ့

မိုးညှင်းမြို့အုပ်ချုပ်ရေးမှူး ရုံးရှေ့က ထိုင်သပိတ် လုံခြုံရေးများနှင့် တင်းမာခဲ့

မိုးညှင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ထိုင်သပိတ်ပြုလုပ်ခဲ့သူများနှင့် လုံခြုံရေးရဲများ တင်းမာမှုဖြစ်ပွားခဲ့သည်။

ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော်သူများသည် ရုံးရှေ့တွင် ငြိမ်းချမ်းစွာ သီချင်းများသီဆိုရင်း ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် လုံခြုံရေးရဲများ ရောက်လာပြီး နှစ်ဖက်တင်းမာမှုဖြစ်ပွားခဲ့သည်။

ထိုတင်းမာမှုဖြစ်ပွားနေချိန်တွင် ထိုင်သပိတ်ပြုလုပ်နေသူများကို မိုးညှင်းမြို့တွင်းစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်နေသည့် လူထုများက ပြန်လာဝန်းရံခဲ့ကြသည်။

နံနက် ၁ဝ နာရီခွဲကျော်တွင် လုံခြုံရေးအင်အားထပ်မံဖြည့်တင်းခဲ့ပြီးနောက် မိနစ်ပိုင်းအကြာတွင် ဆန္ဒထုတ်ဖော်သူများက ပြန်လည်လူစုခွဲခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများက CDM တွေ မပါဝင်သေးသည့် အုပ်ချုပ်ရေးဝန်ထမ်းများကို ပါဝင်လာအောင် နှင့် အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...