အမ်းဆေးရုံရှေ့တွင် လူပေါင်း ၅ဝခန့် ဆန္ဒပြ

အမ်းဆေးရုံရှေ့တွင် လူပေါင်း ၅ဝခန့် ဆန္ဒပြ

အိမ်စိုးဖြူ - အမ်းဆေးရုံမှ အလုပ်မဆင်းဘဲ  CDM ( Civil Disobedience Movement) ပါဝင်နေကြသည့် ဆရာဝန်များအား လူပေါင်း ၅၀ ခန့်က ယနေ့ နံနက် ၉ နာရီခန့်က ပိုစတာများကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

၎င်းဆန္ဒပြသူများသည် ကားများဖြင့်  ဆေးရုံရှေ့သို့ လာရောက်၍ အလုပ်မဆင်းဘဲ  CDM တွင် ပါဝင်နေကြသည့်  ဆရာဝန်များအား ကန့်ကွက်ရှုံ့ချကြောင်း အော်ဟစ်ခဲ့ကြသည်ဟု အမ်းမြို့ ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အမ်းမြို့တွင် လူမှုရေးလုပ်ကိုင်နေသူအမျိုးသမီးတစ်ဦးက “ တပ်မတော် ထောက်ခံသူများ ဖြစ်ဖို့များတယ်။ မြို့ပေါ်ကတော့မဟုတ်ဘူးရှင့်။ ကားတွေနဲ့လာကြတာ။ ဆေးရုံရှေ့မှာ အော်နေကြတယ်။ ၁ဝ နာရီလောက်မှာ ပြန်သွားကြတယ်” ဟုပြောသည်။

အဆိုပါအမ်ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ ဆေးရုံအုပ်ကြီးမှအပ ကျန်ဆရာဝန် ၆ ဦးစလုံးတာဝန်ထမ်းဆောင်မပြုတော့ပဲ ဆေးရုံတွင်းမှထွက်ခွာသွားခဲ့သည်ဟု သူမ၏ ပြောပြချက်အရ သိရသည်။

အမ်းဆေးရုံမှ ထွက်ခွာသွားကြသည့် ဆရာဝန်များမှာ ဓာတ်မှန်အထူးကုဆရာဝန်၊ သားဖွားမီးယပ် အထူးကု ဆရာဝန်၊ အရိုးအထူးကုဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးအထူးကုဆရာဝန်နှင့် အခြား ဆရာဝန်တစ်ဦးတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါဆန္ဒပြမှုနှင့် ပတ်သက်၍ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုးတို့ အားမေးမြန်းစုံစမ်းရန် နိရဉ္စရာသတင်းဌာနမှ ဖုန်းဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...