အမ်းဆေးရုံရှေ့တွင် လူပေါင်း ၅ဝခန့် ဆန္ဒပြ

အမ်းဆေးရုံရှေ့တွင် လူပေါင်း ၅ဝခန့် ဆန္ဒပြ

အိမ်စိုးဖြူ - အမ်းဆေးရုံမှ အလုပ်မဆင်းဘဲ  CDM ( Civil Disobedience Movement) ပါဝင်နေကြသည့် ဆရာဝန်များအား လူပေါင်း ၅၀ ခန့်က ယနေ့ နံနက် ၉ နာရီခန့်က ပိုစတာများကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

၎င်းဆန္ဒပြသူများသည် ကားများဖြင့်  ဆေးရုံရှေ့သို့ လာရောက်၍ အလုပ်မဆင်းဘဲ  CDM တွင် ပါဝင်နေကြသည့်  ဆရာဝန်များအား ကန့်ကွက်ရှုံ့ချကြောင်း အော်ဟစ်ခဲ့ကြသည်ဟု အမ်းမြို့ ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အမ်းမြို့တွင် လူမှုရေးလုပ်ကိုင်နေသူအမျိုးသမီးတစ်ဦးက “ တပ်မတော် ထောက်ခံသူများ ဖြစ်ဖို့များတယ်။ မြို့ပေါ်ကတော့မဟုတ်ဘူးရှင့်။ ကားတွေနဲ့လာကြတာ။ ဆေးရုံရှေ့မှာ အော်နေကြတယ်။ ၁ဝ နာရီလောက်မှာ ပြန်သွားကြတယ်” ဟုပြောသည်။

အဆိုပါအမ်ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ ဆေးရုံအုပ်ကြီးမှအပ ကျန်ဆရာဝန် ၆ ဦးစလုံးတာဝန်ထမ်းဆောင်မပြုတော့ပဲ ဆေးရုံတွင်းမှထွက်ခွာသွားခဲ့သည်ဟု သူမ၏ ပြောပြချက်အရ သိရသည်။

အမ်းဆေးရုံမှ ထွက်ခွာသွားကြသည့် ဆရာဝန်များမှာ ဓာတ်မှန်အထူးကုဆရာဝန်၊ သားဖွားမီးယပ် အထူးကု ဆရာဝန်၊ အရိုးအထူးကုဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးအထူးကုဆရာဝန်နှင့် အခြား ဆရာဝန်တစ်ဦးတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါဆန္ဒပြမှုနှင့် ပတ်သက်၍ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုးတို့ အားမေးမြန်းစုံစမ်းရန် နိရဉ္စရာသတင်းဌာနမှ ဖုန်းဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...