စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ပေးနိုင်ရန် သံဃာတော်အပါး ၁ဝဝခန့် ဘူးသီးတောင်တွင် ဆွမ်းဆန်စိမ်းခံ

စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ပေးနိုင်ရန် သံဃာတော်အပါး ၁ဝဝခန့် ဘူးသီးတောင်တွင် ဆွမ်းဆန်စိမ်းခံ

ရဲသွေးနီနီ - ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ပေးနိုင်ရန်ရည်ရွယ်၍ သံဃာတော်အပါး ၁၀၀ ခန့်သည်  ဘူးသီးတောင်မြို့ပေါ်တွင် ယမန်နေ့က လှည့်လည် ဆွမ်းဆန်စိမ်းခံခဲ့ကြကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆွမ်းစိမ်းခံပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီမှ ညန ၅ နာရီအထိ ဘူးသီးတောင်မြို့နှင့် ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၂၂ ကျောင်းမှ သံဃာတော် ၁၀၀ ဖြင့်ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဦးတေဇောဘာသက နိရဉ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

“ဦးဇင်းတို့က ဆွမ်းဆန်စိမ်းခံပြီးတော့ရလာတဲ့ ဆန်တွေကို မြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို တစ် ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးဖို့ရည်ရွယ်ပြီးတော့ လုပ်ဖြစ်တာပါ။တစ်ခါတစ်လေ အရေးကြီးရင် ကြီးသလို နယ်က စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေကိုလည်းကူညီထောက်ပံ့ပေး ဖြစ်တာတွေ လည်းရှိပါတယ်’’ဟု ဆရာတော်က မိန့်ကြားသည်။          

ယခုလိုမျိုး  ဆွမ်းဆန်စိမ်းခံခြင်းကို ယခုတစ်ကြိမ်နှင့်ဆိုလျှင် ၅ ကြိမ်တိတိ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊  ကြားကာလတွင် ကိုဗစ်ကပ်ရောဂါကြောင့် ပြုလုပ်နိုင်ခြင်း မရှိခဲ့ကြောင်း ဆရာတော်မှ ဆက်လက်မိန့်ကြားသည်။

“ဘူးသီးတောင်မြို့ပေါ်ကို စစ်ဘေးဒုက္ခသည်တွေရောက်ပြီး ၂ လလောက် အကြာမှာစလုပ်ဖြစ်တာ။ တစ်လမှာ တစ်ကြိမ်စီ ပြုလုပ်မယ်ဆိုပြီးတော့ပေါ့။ ၄ ကြိမ်လောက်ပဲလုပ်လိုက်ရတယ် ကိုဗစ်ကဖြစ်လာတော့  ဒီကြားထဲမှာမလုပ် ဖြစ်တော့ဘူး။ အခုရောဂါကနည်းနည်းတည်ငြိမ်စ ပြုလာပြီးမို့လို့ ဒီလမှာမှ ၅ ကြိမ်မြောက် ပြန်လုပ်ဖြစ်တာ” ဟု ပြောသည်။

ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၄ ခု ရှိပြီး စစ်ဘေးရှောင် ဦးရေမှာ ၅၄၂၅ ယောက်တို့ ရှိကြောင်း သိရသည်။  

 ၄င်းစခန်းများအထဲမှ  လမ်းမကျောင်း ကယ်ဆယ်ရေးစခန်းတွင် စစ်ဘေးရှောင် ဦးရေ ၂၅၁၃ ယောက်၊ မြတောင်ကယ်ဆယ်ရေးစခန်းတွင် ဦးရေ ၉၃၉ ယောက်၊ ရန်အောင်မြေကယ်ဆယ်ရေးစခန်းတွင် ဦးရေ ၇၉၇ ယောက် နှင့် ဂန္ဓာရီပရဟိတကျောင်း ကယ်ဆယ်ရေး စခန်းတွင် ဦးရေ ၁၁၇၆ ယောက် တို့ရှိသည်။

အဆိုပါစစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည် များမှာ စစ်ဘေးရှောင်ကာလ ၂ နှစ်နီးပါးကြာမြင့်နေပါပြီ။ လက်ရှိရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်အခတ်ရပ်စဲထားသော်လည်း နယ်မြေအခြေအနေ တည်ငြိမ်မှု မရှိသေးသဖြင့် စစ်ဘေးဒုက္ခသည်အများစု  နေရပ်ပြန်ရန် အခက်အခဲ ရှိနေကြဆဲဖြစ်သည်ဟု သိရှိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...