AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများ လွတ်မြောက်လာရေး မိသားစုဝင်များကမျှော်လင့်နေ

AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများ လွတ်မြောက်လာရေး မိသားစုဝင်များကမျှော်လင့်နေ

ထွန်းခိုင် — ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ် သံသယဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့် တရားစွဲခံထားရသည့် ရခိုင်အမျိုးသားများ  လွတ်မြောက်လာရေးကို သက်ဆိုင်ရာ ထောင်အသီးသီး ရှေ့သို့  သွားရောက်ပြီး စောင့်ဆိုင်းလျှက်ရှိနေကြောင်း မိသားစုများက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။  

အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ) ဖြင့်အမှုဖွင့်ခံထားရသူ (ဥက္ကဋ္ဌ- ရခိုင်အသင်း စကာင်္ပူ) မှ ကိုဟိန်းဇော်၏ မိခင်ဖြစ်သူ ဒေါ်အုန်းတင်က “ သားပြန်လွတ်လာဖို့အတွက်တော့ မျှော်လင့်နေပါတယ်။ အိမ်ကလူတွေကတော့ စောင့်ဖို့ သွားကြတယ်။ ဒါပေမယ့် အဒေါ်ကတော့ နေမကောင်းလို့ ထောင်နားကိုလည်း မသွားဖြစ်ဘူး။ ထောင်နားကို သွားလိုက်လို့ လွတ်လာတာပါ သူမပါဘူးဆိုရင် အဒေါ်မခံစားနိုင်ဘူး” ဟု ပြောသည်။

ပုဏ္ဏာကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသူ ကိုညီညီအောင်၏ မိခင်ဖြစ်သူ ဒေါ်နီနီအေးက “အခုလွတ်လာတဲ့အထဲမှာတော့ အဒေါ်သားလေးမပါသေးဘူး။ ပြောသံကြားတာကတော့ စစ်တွေအကျည်းထောင်က လူပေါင်း ၂၀၀ ကျော်လွတ်တယ်။ အဲဒီထဲမှာ အဒေါ်သားလေးလည်း ပါလာမယ်လို့ ပြောသံကြားတယ်။  အဒေါ်သားလေးကိုလည်း လွှတ်ပေး စေချင်ပါတယ်။ သားလေးအခုလို့ဖြစ်နေတာကို အဒေါ်မခံစားနိုင်တော့ဘူး” ဟုပြောသည်။

 AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်တို့နှင့်အတူ ဖမ်းဆီးအမှုဖွင့်ခံရသူ ကိုထွန်းအေး၏ အစ်ကိုဖြစ်သူ ကိုထွန်းသိန်းက “ကျနော်တို့ ထောင်အဝမှာ စောင့်နေကြတယ်။ လွတ်ပြီးလား၊ မလွတ်ဘူးလားဆိုတာကိုလည်း တိတိကျကျပြောဖို့ခက်တယ်။ လူတွေကတော့ အများကြီးပဲ ထောင်ဝမှာ ” ဟုပြောသည်။

ယနေ့ နေ့လယ် ၁ နာရီမိနစ် ၂၀ က ကိုထွန်းသိန်းအား ဆက်သွယ်ရာ လက်ရှိ အချိန်ထိ အင်းစိန် ထောင်ဗူးဝတွင် စောင့်ဆိုင်းလျှက်ရှိနေကြောင်း  ၎င်းက ပြောကြားသည်။

စကာင်္ပူနိုင်ငံမှ ဖမ်းဆီးခံထားရသူများအနက်  ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်၊ ကိုဟိန်းဇော် (ဥက္ကဋ္ဌ ရခိုင်အသင်း စကာင်္ပူ)၊ ကိုထွန်းအေးတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ)တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လင်းစိုး၊ ကိုရွှေလှိုင်သန်းနှင့် ကိုအောင်မျိုးဝင်းတို့အား ၅၂ (က) (ဂ) တို့ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညမဖြစ်သူ မယမင်းမြတ်(ခ)မိုးနှင်းဖြူ နှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင် တို့ကိုလည်း ပြီးခဲ့သော ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့မှ ဒုရဲမှူးမင်းခိုင်က တရားလိုလုပ်ကာ မရမ်းကုန်းရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် AA  နှင့်ဆက်စပ်သံသယဖြင့် အမှုပေါင်း ၉၀ ထိရှိပြီး ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်နှင့် တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသူနှင့် ဆိုလျှင် စုစုပေါင်း ၈၀၀ ကျော်ရှိကြောင်း သဇင်အထောက်အကူပြု အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...