တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသည့် ဂွမြို့မှ နောက်ထပ် ဒေသခံတစ်ဦး ဖမ်းဆီးခံရ

တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသည့် ဂွမြို့မှ နောက်ထပ် ဒေသခံတစ်ဦး ဖမ်းဆီးခံရ

တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်သည့် ဂွမြို့မှ နောက်ထပ် ဒေသခံတစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံလိုက်ရသူမှာ ဂွမြို့၊ မြို့မရပ်ကွက်မှ အသက် ၄၈ နှစ်အရွယ် ဦးအောင်စိုးမင်းဖြစ်သည်။

၄င်းမှာ ယနေ့ နံနက်ပိုင်းက ဂွမြို့၌ တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ၍အပြီး မိသားစုဝင်များနှင့် ပြန်လာစဉ် လမ်းတွင် တပ်မတော်သားအချို့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်နန်းယုလှိုင်က ပြောသည်။

“ကျွန်မတို့ မိသားစု ကလေးလည်း ပါတယ်ပေါ့။ အဲဒီမှာ ကျွန်မတို့ မိသားစု ဆန္ဒပြရာကနေ ဆိုင်ကယ်နဲ့ ပြန်လာတော့ လမ်းမှာ စစ်သားတွေ ကားနဲ့ပေါ့။ ကျွန်မယောကျ်ားကို မေးစရာရှိလို့ဆိုပြီး ခေါ်သွားမယ်တဲ့။ သူ့တို့ဆီမှာ ဆန္ဒပြတဲ့ မှတ်တမ်းပုံတွေရှိတယ်တဲ့ အဲဒါတွေကို မေးမြန်းဖို့ ခေါ်တာတဲ့။ မေးစရာရှိရင် ကျွန်မလည်း လိုက်မယ်လို့ပြောတော့ မဟုတ်ဘူး သူတစ်ယောက်တည်းကိုပဲ ခေါ်တာတဲ့။ အဲလိုပြောပြီး ခေါ်သွားတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးအောင်စိုးမင်းအား အဆိုပါ တပ်မတော်သားများက ၄င်းတို့၏ ကားဖြင့် ဂွမြို့ရှိ (၅၆၃) တပ်ရင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။

တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဂွမြို့၊ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီအားလည်း ယနေ့ နံနက် ၇ နာရီခန့်က တပ်မတော်သားအချို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဦးလူနီ၏ မိသားစုဝင်များ ပြောပြချက်အရ သိရသည်။

ဂွမြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု အပါအဝင် ဖမ်ဆီးခံရသူ ၆ ဦးအထိရှိပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အဆိုပါ ၆ ဦးမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဝန်ကြီးချုပ် ဦးညီပု၏ PSO ဦးကြည်စိုးထွန်း၊ ဂွမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်း၊ အနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီနှင့် မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်း တို့ဖြစ်ကြကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...