စစ်တွေမြို့ ပြည်သူများ အိမ်တွင်းသာနေထိုင်ကြရန် တင့်ကား၊ စစ်ကား၊ Water Cannon ကားများဖြင့်လှည့်လည်ပြီး အသံချဲ့စက်ဖြင့် ဆော်ဩ

စစ်တွေမြို့ ပြည်သူများ အိမ်တွင်းသာနေထိုင်ကြရန် တင့်ကား၊ စစ်ကား၊ Water Cannon ကားများဖြင့်လှည့်လည်ပြီး အသံချဲ့စက်ဖြင့် ဆော်ဩ

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင် ယနေ့ ညနေ ၈ နာရီအချိန်ခန့်က တင့်ကား၊ စစ်ကား၊ Water Cannon လှည့်လည်ပြီး စစ်တွေမြို့ ပြည်သူများ အိမ်တွင်းသာနေထိုင်ကြရန်  အသံချဲ့စက်ဖြင့်  ပထမဆုံး အကြိမ် ဆော်ဩသည်ဟု သတင်းရရှိသည်။

စစ်တွေမြို့ လမ်းမကြီးတစ်လျှောက်တွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ထိုသို့ လှည့်လည် ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

ဆော်ဩရာတွင် “ဒေသအတွင်းရှိပြည်သူများ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ စုပေါင်းပြီး လှည့်ကင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်အတွင်း အေးချမ်းစွာနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်” ဟု မြန်မာ ၊ ရခိုင်ဘာသာစကားနှစ်မျိုးလုံးဖြင့် နှိုးဆော်သွားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...