စစ်တွေမြို့ ပြည်သူများ အိမ်တွင်းသာနေထိုင်ကြရန် တင့်ကား၊ စစ်ကား၊ Water Cannon ကားများဖြင့်လှည့်လည်ပြီး အသံချဲ့စက်ဖြင့် ဆော်ဩ

စစ်တွေမြို့ ပြည်သူများ အိမ်တွင်းသာနေထိုင်ကြရန် တင့်ကား၊ စစ်ကား၊ Water Cannon ကားများဖြင့်လှည့်လည်ပြီး အသံချဲ့စက်ဖြင့် ဆော်ဩ

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင် ယနေ့ ညနေ ၈ နာရီအချိန်ခန့်က တင့်ကား၊ စစ်ကား၊ Water Cannon လှည့်လည်ပြီး စစ်တွေမြို့ ပြည်သူများ အိမ်တွင်းသာနေထိုင်ကြရန်  အသံချဲ့စက်ဖြင့်  ပထမဆုံး အကြိမ် ဆော်ဩသည်ဟု သတင်းရရှိသည်။

စစ်တွေမြို့ လမ်းမကြီးတစ်လျှောက်တွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ထိုသို့ လှည့်လည် ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

ဆော်ဩရာတွင် “ဒေသအတွင်းရှိပြည်သူများ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ စုပေါင်းပြီး လှည့်ကင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်အတွင်း အေးချမ်းစွာနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်” ဟု မြန်မာ ၊ ရခိုင်ဘာသာစကားနှစ်မျိုးလုံးဖြင့် နှိုးဆော်သွားသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...