ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာပြီ

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာပြီ

နှစ်ရှည်အကျဉ်းကျခံနေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးလုံး ယနေ့ (ဖေဖေါ်ဝါရီလ ၁၂ ရက်)နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာကြပြီဖြစ်သည်။

ယနေ့ကျရောက်သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အကျဉ်းသားများထဲတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ ပါဝင်လာခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး လွတ်မြောက်လာမည့်သတင်းကြောင့် မိသားစုဝင်များက အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ကြိုနေကြပြီး ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်တွင် ဒေါက်တာအေးမောင်ပြန်လွတ်လာပြီ မိသားစုနှင့် တွေ့ဆုံနေပြီဖြစ်ကြောင်း ၎င်း၏သားဖြစ်သူ ဦးတင်မောင်ဝင်းက လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့နယ်တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ်စာပေဟောပြောပွဲတွင် ဟောပြောချက်များသည် ဥပဒေဖြင့် ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ၎င်းတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅ (ခ)တို့ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်ရှိ အကျဉ်းထောင်များအသီသီးတွင်အကျဉ်းကျခံလျက်ရှိသော နိုင်ငံသား ၂၃၃၁၄ ဦးနှင့် နိုင်ငံခြားသား ၅၅ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းတွင် ဖော်ပြထားသည်။

June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...
June 22, 2026
ရခိုင်ပြည်တွင် မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံး...