မာန်အောင်တွင် ဆန္ဒပြသူများထဲမှနှစ်ဦး ငြိမ်းစုစီဥပဒေနှင့် အမှုဖွင့်ခံရ

မာန်အောင်တွင် ဆန္ဒပြသူများထဲမှနှစ်ဦး ငြိမ်းစုစီဥပဒေနှင့် အမှုဖွင့်ခံရ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဖေဖေါ်ဝါရီလ ၆ ရက်စတင်ကာ ဆန္ဒဖော်ထုတ်မှုများဖြစ်ပေါ်ခဲ့ပြီး ယနေ့(ဖေဖေါ်ဝါရီလ ၁၁ ရက်)နေ့တွင် ဆန္ဒပြသူများထဲမှနှစ်ဦး ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်သူများထဲမှ ဦးဝင်းနိုင်နှင့် ဦးကျော်ဆွေတို့နှစ်ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ဖြင့် အမှုဖွင့်လှစ် ထားကြောင်း မာန်အောင်မြို့မရဲစခန်းမှ ဂတ်စာရေး ဦးဇော်ဝင်းမြင့်က ဆိုသည်။

“သူတို့နှစ်ယောက်ကို ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ထားတယ်။ အခုတို့ သူတို့ကို စခန်းမှာ ထိန်းသိမ်းထား တယ်” ဟု ၎င်းကပြောသည်။

ယင်းသို့ အမှုဖွင့်ခံရခြင်းအား မိသားစုမှစိုးရိမ်နေကြပြီး ရဲစခန်းမှ စစ်ဆေးမေးမြန်းပြီးပါက ပြန်လည်ပို့ဆောင် ပေးမည်ဟုပြောဆိုသွားကြောင်း ဦးကျော်ဆွေ၏မိသားစုဝင် ကိုမောင်တင်လှိုင်က ဆိုသည်။

“ရဲတွေကလဲ ပြန်ပို့ပေးမယ်လို့ပြောသွားတယ်။ အမှု့ဖွင့်တယ်၊ မဖွင့်ကိုတော့ ကျနော်တို့မသိသေးဘူး။ ပြန်ပို့ ပေးလာမယ်ဆိုတဲ့အတိုင်း ကျနော်တို့စောင့်နေတယ်” ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့မှုဖြင့် မခင်ထိပ်ထားလှိုင်၊ ကိုဟန်မင်းစိုး၊ ကိုခန့်ဝေလင်း၊ မအိဆုမွှန်၊ ဦးဖိုးနွဲ့ ကိုအောင်မြဦး၊ ကိုမျိုးလင်းဇော်၊ မအေးမိမိခိုင်တို့ကိုလည်း ငြိမ်းစုစီတင်ပြီးမှ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန်အတွက် ရဲတပ်ဖွဲ့မှ ခေါ်ယူသတိပေးခဲ့ပြီး ခံဝန်ထိုးခိုင်းခဲ့ကြောင်း သိရသည်။

ယနေ့ဆန္ဒဖော်ထုတ်စဉ် ရဲတပ်ဖွဲ့မှလာရောက်ကာ လူစုခွဲရန်ပြောဆိုခဲ့သလို ဆန္ဒပြသူများသွားရာလမ်းတွင် ပိတ်ဆို့တားဆီးမှုများလည်း ရှိခဲ့သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...