တပ်မတော်မှအာဏာသိမ်းခြင်းကို လက်မခံကြောင်း ရခိုင်ကမြို့နယ်အချို့တွင် ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာ

တပ်မတော်မှအာဏာသိမ်းခြင်းကို လက်မခံကြောင်း ရခိုင်ကမြို့နယ်အချို့တွင် ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာ

တပ်မတော်မှ အာဏာသိမ်းခြင်းကို လက်မခံကြောင်း ဆန္ဒဖော်ထုတ်မှုများ ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် အချို့တွင် ယခုရက်ပိုင်းအတွင်း ရက်ဆက်ဖြစ်ပေါ်လာနေသည်။

နိုင်ငံတော်အာဏာကို တပ်မတော်မှသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ အတွင်းက မြို့ကြီးများတွင် ဆန္ဒဖော်ထုတ်မှုများရက်ဆက်ဖြစ်ပေါ်လာသလို ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ ဂွ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း စသည့်မြို့နယ်တို့တွင်လည်း ဆန္ဒဖော်ထုတ်မှုများဖြစ်ပေါ်လာခဲ့သည်။

တပ်မတော်မှ အာဏာသိမ်းခြင်းကို ကန့်ကွက်သည့်ဖဲကြိုးနီလှုပ်ရှားမှုကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့က စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများမှ ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ဂွမြို့နှင့် သံတွဲမြို့တို့တွင် ဖေဖေါ်ဝါရီလ ၈ ရက်နေ့က တပ်မတော်မှ အာဏာသိမ်းမှုကို အလို မရှိကြောင်း မြို့လူထုမှ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အလားတူ ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင်လည်း တောင်ကုတ်၊ မာန်အောင်နှင့် အမ်းမြို့တို့တွင် ဆန္ဒဖော်ထုတ် မှုများဖြစ်ပေါ်ခဲ့သည်။

“ဒီအာဏာရှင်စနစ်မကျဆုံးသရွှေ့၊ ခေါင်းဆောင်တွေကို မလွှတ်ပေးသေးသမျှ ဆန္ဒဖော်ထုတ်မှုတွေရှိနေမှာ ဖြစ်တယ်။ နောက်ဖမ်းဆီးခံကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေကို မလွှတ်သေးသမျှ၊ ဒီအာဏာရှင်တွေ မကျဆုံးသေးသမျှကာလပတ်လုံး ဆန္ဒဖော်ထုတ်မှုတွေလုပ်နေရာမှာဖြစ်တယ်” ဟု မာန်အောင်မြို့တွင် ဆန္ဒ ဖော်ထုတ်ခဲ့သူ မခင်ထိပ်ထားလှိုင်ကပြောသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်သူများကို ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးမှုများရှိသလို အချို့မှာ အမှုဖွင့်ခံထားရသူများလည်း ရှိသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က အမ်းမြို့တွင် ဆန္ဒပြခဲ့သူများထဲမှ ၇ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၅၊ ငြိမ်းစုစီပုဒ်မ-၁၉ တို့ဖြင့် အမ်းမြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း မြို့ခံများကပြောဆိုသည်။

ထို့ပြင် မာန်အောင်မြို့၌ ယနေ့(ဖေဖေါ်ဝါရီ ၁၁ ရက်)က ဆန္ဒဖော်ထုတ်သူများထဲမှ နှစ်ဦးကိုလည်း ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း မာန်အောင်မြို့မရဲစခန်းမှ သိရသည်။

“ဆန္ဒဖော်ထုတ်သူတွေရှိနေသရွှေ့တော့ ကျနော်တို့ဆက်တိုင်းဖော်ထုတ်နေမှာဖြစ်တယ်။ ကျနော်တို့ ထိန်းသိမ်း ခံခဲ့ရရင်တော့ ဆက်ပြီးဆန္ဒဖော်ထုတ်လို့မရတော့ဘူး။ မထိန်းသိမ်းခံရတဲ့အချိန်ထိတော့ ဆက်ပြီးဖော်ထုတ် နေမှာဖြစ်တယ်” ဂွမြို့မှ ဦးဉာဏ်ထွန်းမင်းကဆိုသည်။

အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒီမိုကရေစီအရေးကို တိုက်ပွဲဝင်နေကြသည့်ပြည်သူများကို ချီးကျူးဂုဏ်ပြု ကြောင်းနှင့် မိမိတို့၏ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရေး၊ အောင်မြင်နိုင်ရေးတို့ အတွက်ဆက်လက်ပြီး ကြိုးပမ်းလုပ်ဆောင်ကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် မကြာသေးမီရက်ပိုင်းက ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...