မောင်တောမြို့နယ်ညမထွက်ရအမိန့် နောက်ထပ် ၂ လတိုး

မောင်တောမြို့နယ်ညမထွက်ရအမိန့် နောက်ထပ် ၂ လတိုး

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ညမထွက်ရအမိန့်အား မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ယနေ့မှစ၍ နောက်ထပ် သက်တမ်း  ၂ လတိုးမြင့်ထုတ်ပြန်လိုက်ကြောင်းသတင်းရရှိသည်။

မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက “ ရခိုင်ပြည်နယ်မှာ ၂၀၁၇ မောင်တော အကြမ်းဖက်ဖြစ်စဉ်ပြီးကတည်းက မောင်တောမြို့မှာ တောက်လျှောက် နှစ်လတစ်ကြိမ် ညမထွက်ရအမိန့်ထုတ်တာ။” ဟုပြောသည်။

ယခုအချိန်သည် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများမှ ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည့်အတွက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟုလည်း ရေးသားထားသည်။

၄င်းအပြင်အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် လူ ၅ ဦးထက်ပိုသော စုဝေးခြင်းများအား မပြုလုပ်ရဟုလည်း ရေးသားထားသည်ကို တွေ့ရှိရသည်။

 “မောင်တောမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး၊ ၅ ဦးထက်ပိုသောသူများ စုဝေးခြင်းမပြုလုပ်ရေးအတွက် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီ အချိန်အထိ ကာလအတွင်း ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ထပ်မံထုတ်ပြန်လိုက်သည်။ ” ဟုရေးသားထားသည်။

ထို့အပြင်  မင်းပြားမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍ နောက်ထပ် ၂ လအထိ ထပ်မံသက်တမ်းတိုး ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...