မာန်အောင်မြို့ ဆန္ဒပြရာတွင် ပါဝင်သူနှစ်ဦးကို ငြိမ်းစုစီ၊ဘေးစီမံ ပုဒ်မ ၂ခုဖြင့်အမှုဖွင့်

မာန်အောင်မြို့ ဆန္ဒပြရာတွင် ပါဝင်သူနှစ်ဦးကို ငြိမ်းစုစီ၊ဘေးစီမံ ပုဒ်မ ၂ခုဖြင့်အမှုဖွင့်

ခိုင်သွီး — ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်သည့် ဦးကျော်ဆွေနှင့် ဦးဝင်းနိုင် တို့နှစ်ဦးကို  ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူများက ပြောကြားသည်။

အမှုဖွင့်ခံထားရသည့် ပုဒ်မ ၂ ခုမှာ ဘေးစီမံ ပုဒ်မ (၂၅) နှင့် ငြိမ်းစုစီ ပုဒ်မ (၁၉) ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မာန်အောင်မြို့မရဲစခန်း စခန်းမှူးကို ဖုန်းအကြိမ်ကြိမ် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။

သူတို့ နှစ်ဦးမှာ ယနေ့ ဆန္ဒပြပွဲတွင် လူပေါင်း ၁၅၀ ခန့် နှင့်အတူ ပူးပေါင်းပါဝင်သူများ ဖြစ်ကြသည်ဟု သိရသည်။

ယနေ့ မာန်အောင် ဆန္ဒပြပွဲကြောင့် ခေါ်ယူစစ်ဆေးခံရသူ ၆ ဦးရှိပြီး ထိုအထဲမှ မြို့မ ရပ်ကွက်၊ တရုတ်တန်းမှ ဦးကျော်ဆွေနှင့် သာယာကုန်းကျေးရွာမှ ဦးဝင်းနိုင်တို့ ကို ဖမ်းဆီးပြီး အမှုဖွင့်လိုက်သည်ဟု သိရသည်။

ယမန်နေ့မှ ညအချိန်ကလည်း မာန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးစန်းလွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...