ပါတီဗဟိုကော်မတီအစည်းအဝေးတက်ရောက်ရန် မြောက်ဦးသို့ ANP ခေါင်းဆောင်များရောက်ရှိလာ

ပါတီဗဟိုကော်မတီအစည်းအဝေးတက်ရောက်ရန် မြောက်ဦးသို့ ANP ခေါင်းဆောင်များရောက်ရှိလာ

ဇော်ဝင်းဌေး — ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပမည့် ရခိုင်အမျိုးသားပါတီ(ANP)၏ ဗဟိုကော်မတီအစည်းအဝေးကို တက်ရောက်ရန် ပါတီခေါင်းဆောင်အများအပြား ယနေ့ မြောက်ဦးမြို့သို့ ရောက်ရှိလာကြသည်ဟု သတင်းရရှိသည်။

ရောက်ရှိလာကြသူများအထဲတွင် ရခိုင်တစ်ပြည်နယ်လုံးမှ ပါတီဗဟိုကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်ဟု သိရသည်။

ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်းလှက " ဗဟိုကော်မတီအစည်းအဝေးကို ခေါ်ဖို့ လိုအပ်တဲ့အတွက် ခေါ်တာပါ။  ဗဟိုကော်မတီဝင်အားလုံးဖိတ်ကြားထားပါတယ်။ ဗဟိုကော်မတီဝင်တွေအများအပြား ရောက်ရှိနေကြပါပြီ "ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။

အစည်းအဝေးတက်ရောက်ရန် ဗဟိုကော်မတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ဦးခန့် ကို ဖိတ်ကြားထားသည်ဟု ပြောဆိုသည်။

ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးမည့်အကြောင်းအရာများကို ဆွေးနွေးနေတုန်းဖြစ်၍ ဆွေးနွေးမည့် အကြောင်းအရာအစီအစဉ်  မပြောနိုင်သေးကြောင်း ၄င်းက ဆက်ပြောသည်။

မြောက်ဦးမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ကျင်းပမယ့် နေရာက နန်းသားကန် ဓမ္မာရုံမှာဖြစ်ပါတယ်။ မနက်ဖြန် မနက် ၉ နာရီမှာ အစည်းအဝေးကို စတင်ကျင်းပမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါဗဟိုကော်မတီအစည်းအဝေးသည် သောကြာနေ့ တနင်္ဂနွေအထိ ကျင်းပပြုလုပ်မည်ဖြစ်ကာ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်

ရခိုင်အမျိုးသားပါတီသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် (၄)နေရာ၊ ပြည်သူ့လွှတ်တော် (၄)နေရာနှင့် ပြည်နယ်လွှတ်တော် (၇)နေရာ၊ စုစုပေါင်း (၁၅)နေရာဖြင့် ရခိုင်ပြည်နယ်တွင် လွှတ်တော်နေရာအများဆုံး အနိုင်ရရှိထားသည့်ပါတီတစ်ခုဖြစ်သည်။

 ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်တွင် လွှတ်တော်နေရာအများဆုံးကို အနိုင်ရရှိခဲ့သော်လည်း ပြည်နယ် အစိုးရဖွဲ့ခွင့် မရရှိခဲ့သည့် တိုင်းရင်းသားပါတီ တစ်ခုလည်းဖြစ်သည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...