မာန်အောင်မြို့ဆန္ဒပြမှုတွင်ပါဝင်သည့် လူငယ်လေးဦးကို ခံဝန်ထိုးခိုင်း

မာန်အောင်မြို့ဆန္ဒပြမှုတွင်ပါဝင်သည့် လူငယ်လေးဦးကို ခံဝန်ထိုးခိုင်း

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ယနေ့(ဖေဖေါ်ဝါရီ ၁၀ ရက်) ဆန္ဒပြ ရာတွင်ပါဝင်သည့် လူငယ်လေးဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှခေါ်ယူပြီး ခံဝန်ထိုးခိုင်းခဲ့ကြောင်း ကာယကံရှင် များကပြောသည်။

ယင်းသို့ ဆန္ဒပြမှုကြောင့် ခံဝန်လက်မှတ်ရေးထိုးခဲ့ရသူများမှာ မအိစောမွန်၊ ကိုခန့်ဝေလင်း၊ ကိုမျိုးလင်းဇော်နှင့် ကိုအောင်မြဦးတို့ ဖြစ်ကြသည်။

ကိုခန့်ဝေလင်းက “ဘာမှတော့အထွေအထူးမပြောဘူး။ နောက်စီတန်းလှည့်လည်တာတို့လုပ်ရင် ငြိမ်းစုစီတင်ပြီး လုပ်ဖို့၊ နောက်တစ်ခါ အခုလိုမျိုးမလုပ်တော့ပါဘူးဆိုတာကို ဝန်ခံကတိထိုးခဲ့ရတာ” ဟု ၎င်းကပြောသည်။

ယနေ့ဆန္ဒပြရာတွင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်းအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးတို့ကို တောင်းဆိုခဲ့ကြသည်။

ခံဝန်ထိုးခဲ့ရသည့် မအိစောမွန်က “အခုကျွန်မတို့လုပ်တာက NLD ပါတီကို တပ်မတော်က သိမ်းလိုက်လို့ လုပ်တာမဟုတ်ဘူး။ စစ်အင်ဏာရှင်အောက်မှာနေလာတာကြာခဲ့ပြီ။ ဒီမိုကရေစီစနစ်ကိုတက်လှမ်းဖို့ လုပ်နေ ချိန်မှာ စစ်တပ်ကထပ်တစ်ကြိမ်အာဏာသိမ်းတာကိုမလိုလားလို့ အခုလိုတောင်းဆိုမှုတွေလုပ်တာ” ဟု ဆိုသည်။

တပ်မတော်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြမှုများကို မာန်အောင်မြို့နယ်အတွင်းတွင် ဖေဖေါ်ဝါရီလ ၆ ရက် နေ့မှစတင်လုပ်ဆောင်နေပြီး ဆန္ဒပြမှုကြောင့် မခင်ထိပ်ထားလှိုင်နှင့် ဦးဖိုးနွဲ့တို့နှစ်ဦးကိုလည်း ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ရဲစခန်းမှခေါ်ယူကာ ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့သည်။

Most read this week

ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...
June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...