မာန်အောင် တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲ တားဆီးခံရ

မာန်အောင် တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲ တားဆီးခံရ

ခိုင်သွီး — ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲသည် ရဲတပ်ဖွဲ့ဝင်များ၏ နှစ်ကြိမ်တိုင်တိုင် တားဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

မာန်အောင်မြို့တွင် ပြုလုပ်သည့်အဆိုပါဆန္ဒထုတ်ဖော်ပွဲ ၃ ရက်မြောက်နေ့ဖြစ်သော ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တားဆီးခံရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူများက ပြောသည်။

"ကျွန်မတို့စုရပ် မဟာထီးဘုရားမှာ တစ်ခါတားဆီးထားတယ်။ နောက်နည်းနည်းကြာတို့ သူတို့ကလမ်းဖွင့်ပေးတယ်။ အဲတော့ လမ်းထွက်ဆန္ဒပြတော့ ဗိုလ်တထောင်လမ်းမှာ ထပ်ပြီးလမ်းပိတ်ထားတယ်။"ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ မမေဆုကျော်က ပြောသည်။

ယနေ့ပြုလုပ်သည့် တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် လူအင်အား ၁၅၀ ခန့်ပါဝင်ခဲ့သည်ဟု သိရသည်။

မာန်အောင်မြို့တွင် ယခင်ရက်များကလည်း ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုကြောင့် လူ ၆ ဦးခေါ်ယူစစ်ဆေးခံခဲ့ရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...