မာန်အောင် တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲ တားဆီးခံရ

မာန်အောင် တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲ တားဆီးခံရ

ခိုင်သွီး — ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲသည် ရဲတပ်ဖွဲ့ဝင်များ၏ နှစ်ကြိမ်တိုင်တိုင် တားဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

မာန်အောင်မြို့တွင် ပြုလုပ်သည့်အဆိုပါဆန္ဒထုတ်ဖော်ပွဲ ၃ ရက်မြောက်နေ့ဖြစ်သော ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တားဆီးခံရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူများက ပြောသည်။

"ကျွန်မတို့စုရပ် မဟာထီးဘုရားမှာ တစ်ခါတားဆီးထားတယ်။ နောက်နည်းနည်းကြာတို့ သူတို့ကလမ်းဖွင့်ပေးတယ်။ အဲတော့ လမ်းထွက်ဆန္ဒပြတော့ ဗိုလ်တထောင်လမ်းမှာ ထပ်ပြီးလမ်းပိတ်ထားတယ်။"ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ မမေဆုကျော်က ပြောသည်။

ယနေ့ပြုလုပ်သည့် တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် လူအင်အား ၁၅၀ ခန့်ပါဝင်ခဲ့သည်ဟု သိရသည်။

မာန်အောင်မြို့တွင် ယခင်ရက်များကလည်း ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုကြောင့် လူ ၆ ဦးခေါ်ယူစစ်ဆေးခံခဲ့ရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...