ဂွမြို့နယ်ရွေးကော်ဥက္ကဋ္ဌဦးအောင်မြင့်ဆန်းနှင့် အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ဦးရဲခေါင်ညွန့်တို့ ထပ်မံဖမ်းဆီးခေါ်ဆောင်ခံရ

ဂွမြို့နယ်ရွေးကော်ဥက္ကဋ္ဌဦးအောင်မြင့်ဆန်းနှင့် အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ဦးရဲခေါင်ညွန့်တို့ ထပ်မံဖမ်းဆီးခေါ်ဆောင်ခံရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်းနှင့် အနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်တို့  ယမန်နေ့ ညဉ့်အချိန်က ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရကြောင်း ဦးရဲခေါင်ညွန့်၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၀ ရက်) နေ့ ညဉ့် ၁၀ နာရီကျော်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုကို တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူတို့ နှစ်ဦး ထပ်မံခေါ်ဆောင်ခံရကြောင်း သူမက ပြောကြားသည်။

“ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်းနဲ့ ဦးရဲခေါင်ညွန့်တို့ကိုလည်း ခေါ်သွားပါတယ်။ ဦးညီပုနဲ့ တစ်ချိန်တည်းဖမ်းတာတော့ မဟုတ်ဘူး။ ဦးညီပုကို စောစောပိုင်းက ဖမ်းတာ။ စစ်တပ်က ဗိုလ်မှူးတစ်ဦးက မေးစရာလေးရှိလို့ ခဏလောက်လိုက်ခဲ့ပါဆိုပြီးတော့ ခေါ်သွားလို့ လိုက်သွားပါတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။

ဂွမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်းအား သူ့၏နေအိမ်မှ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညဉ့် ၁၂ နာရီကျော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဦးရဲခေါင်ညွန့်အား ညဉ့် ၁ နာရီကျော်ခန့်က တပ်မတော်သားအချို့က လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သူမက ပြောသည်။

လက်ရှိတွင် ဦးအောင်မြင့်ဆန်းနှင့် ဦးရဲခေါင်ညွန့်တို့ကို ဂွမြို့ရှိ ခမရ (၅၆၂) တွင် ထိန်းသိမ်းထားကြောင်း သိရကြောင်းကို ဂွမြို့မှ ဦးစိုးမင်းအောင်က ပြောသည်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုလည်း ဖမ်းသွားတယ်။ သူတို့ကို ဘယ်နေရာမှာထားလဲဆိုတော့ ခမရ (၅၆၂) တပ်ရင်းမှာ ထားတယ်လို့ သိရပါတယ်။ ဘာကြောင့် ခေါ်သွားတာလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ အဆက်သွယ်မရသေးဘူး”  ဟု ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအား ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့က နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံထိန်းသိမ်းထားခဲ့ကာ ယမန်နေ့ ညဉ့် ၁၀ နာရီကျော်က တပ်မတော်သားအချို့က နေအိမ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း  သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...