စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေး မိုင်းရှင်းလင်းရေးလုပ်မည်ဟုဆို

စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေး မိုင်းရှင်းလင်းရေးလုပ်မည်ဟုဆို

အိမ်စိုးဖြူ — ရခိုင်စစ်ဘေးရှောင်များ နေရပ်မပြန်မီ မိုင်းရှင်းလင်းရေး လုပ်သွားမည်ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

“ မိုင်းရှင်းလင်းရေးတို့ ဘာတို့စလုပ်ရမှာပေါ့။ မိုင်းရှင်းလင်းရေးပြီးရင်သူတို့ (စစ်ဘေးရှောင်တွေ) နေဖို့ထိုင်ဖို့တွေ စီစဉ်ပေးရမှာပေါ့။ မိုင်းရှင်းလင်းရေးက ဒီလထဲတောင်ဖြစ်နိုင်တယ်။ သိပ်မကြာလောက်ဘူး။ တပ်မတော်က လုပ်တာဆိုတော့ မြန်တယ်လယ်။ အစိုးရက မြန်မြန် လုပ်တာဆိုတော့ မြန်တယ်လေ။” ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောဆိုသည်။

ထိုသို့ မိုင်းရှင်းလင်းရေး လုပ်ရာတွင် ရက္ခိုင့်တပ်တော် ( AA) အနေဖြင့် အနှောင့်အယှက် မပြုလုပ်ဖို့ လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ တစ်ခုတော့ ရှိတာပေါ့လေ။ ဟိုဖက်ကအဖွဲ့တွေကလည်း ဒါတွေကို မနှောင့်ယှက်ဖို့ လိုတာပေါ့။ တစ်ဖက်ဆိုတာ သိတဲ့အတိုင်းပဲ။ အေအေပေါ့။ အေအေကလည်း မနှောင့်ယှက်ဖို့လိုတယ်။ တို့က တရားဝင် စာချုပ်စာတမ်းနဲ့လုပ်ထားတဲ့ ကာလမဟုတ်သေးတော့လေ။ မိုင်းရှင်းတဲ့အချိန်မှာ နှောင့်ယှက်တယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်က ပြဿနာတက်သွားနိုင်တာပေါ့။ ဒါလူကြီးတွေက ညှိနှိုင်းမှာပါ” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို နေရပ်ပြန်နိုင်ရေး အစိုးရမှ စီစဉ်နေပြီး မိုင်းရှင်းလင်းရေးပြီးမှ နေရပ်ပြန်နိုင်ရေးကို စီစဉ်မည်ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ စစ်ပြေးရှောင် တစ်သိန်းရှစ်သောင်းကျော်ကျန်ရှိနေသေးသည် ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ဇန်နဝါရီ ၁၂ ရက်နေ့ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...