စစ်အာဏာသိမ်းမှုကို ဆန္ဒပြသည့် မိုင်းရယ် လူငယ်တဦး ဖမ်းခံရ

စစ်အာဏာသိမ်းမှုကို ဆန္ဒပြသည့် မိုင်းရယ် လူငယ်တဦး ဖမ်းခံရ

သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်သည့် လူငယ် အမျိုးသားတဦးကို ယနေ့ (ဖေဖော်ဝါရီ ၉ ရက် )ညနေ ၆နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၉ )ရက် သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံး စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုကို အရှိန်မြင့်ကာ ပါဝင်သူဦးရေ ပိုများလာကြောင်း သိရသည်။

ထို့နောက် စစ်အာဏာရှင်များကလည်း ဆန့်ကျင်ဆန္ဒပြရာတွင် ဦးဆောင်သူများကို ဦးတည်ကာ ဖမ်းဆီးမှုများကိုလည်း စတင်လာကြောင်းတွေ့ရသည်။

ထိုထဲတွင် မိုင်းရယ်ဒေသခံ အသက် ၂၇နှစ် အရွယ်သာရှိသေးသည့် မောင်စိုးကျော် ကို ယနေ့ ည ၆နာရီကျော်က ရဲ၊ စစ်တပ် နှင့်ရပ်ကွက်အုပ်ချုုပ်ရေးမှူးတို့က မောင်စိုးကျော်နေထိုင်ငသည့် နေအိမ်ကို လာရောက်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။

“ ညနေ (၆)နာရီတုန်းက ရဲစခန်းကိုလိုက်ခဲ့ပါ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတယ်။ ရဲစခန်းလိုက်ခဲ့မှရမယ်လို့ ပြောပြီးခေါ်သွားတာပဲ” ဟု မိုင်းရယ်ဒေသခံ အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ မိုင်းရယ်မြို့တွင် စစ်အာဏာရှင် စနစ် ကျရှုံးရေးအတွက် ဒေသခံ ပြည်သူ ၃၀၀ကျော် သည် မိမိသဘောဆန္ဒအရ ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...