စစ်အာဏာသိမ်းမှုကို ဆန္ဒပြသည့် မိုင်းရယ် လူငယ်တဦး ဖမ်းခံရ

စစ်အာဏာသိမ်းမှုကို ဆန္ဒပြသည့် မိုင်းရယ် လူငယ်တဦး ဖမ်းခံရ

သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်သည့် လူငယ် အမျိုးသားတဦးကို ယနေ့ (ဖေဖော်ဝါရီ ၉ ရက် )ညနေ ၆နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၉ )ရက် သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံး စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုကို အရှိန်မြင့်ကာ ပါဝင်သူဦးရေ ပိုများလာကြောင်း သိရသည်။

ထို့နောက် စစ်အာဏာရှင်များကလည်း ဆန့်ကျင်ဆန္ဒပြရာတွင် ဦးဆောင်သူများကို ဦးတည်ကာ ဖမ်းဆီးမှုများကိုလည်း စတင်လာကြောင်းတွေ့ရသည်။

ထိုထဲတွင် မိုင်းရယ်ဒေသခံ အသက် ၂၇နှစ် အရွယ်သာရှိသေးသည့် မောင်စိုးကျော် ကို ယနေ့ ည ၆နာရီကျော်က ရဲ၊ စစ်တပ် နှင့်ရပ်ကွက်အုပ်ချုုပ်ရေးမှူးတို့က မောင်စိုးကျော်နေထိုင်ငသည့် နေအိမ်ကို လာရောက်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။

“ ညနေ (၆)နာရီတုန်းက ရဲစခန်းကိုလိုက်ခဲ့ပါ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတယ်။ ရဲစခန်းလိုက်ခဲ့မှရမယ်လို့ ပြောပြီးခေါ်သွားတာပဲ” ဟု မိုင်းရယ်ဒေသခံ အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ မိုင်းရယ်မြို့တွင် စစ်အာဏာရှင် စနစ် ကျရှုံးရေးအတွက် ဒေသခံ ပြည်သူ ၃၀၀ကျော် သည် မိမိသဘောဆန္ဒအရ ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

June 27, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပုံးအင်းဒေသတွင် ဆန်စပါးဈေးနှုန်းများ...
June 26, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့်...
June 25, 2026
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် (၁၀၀၉)တပ်ရင်း မှာ...