စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် (၁၀၀၉)တပ်ရင်း မှာ ရဲဘော်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီးနောက် CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင် အင်းလေး တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်အငယ်ကောင်(ခ) ကျော်ဖြိုးလင်း နှင့် ရဲဘော် AD (ခ) ကောင်းစည်သူ တို့ စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်ပြီးနောက် အဆိုပါ ရဲဘော်နှစ်ဦး၏ ဖုန်းများမှ တဆင့် နယ်မြေအတွင်း ဖြန့်ကြက်လှုပ်ရှားနေသော အခြေားသော ရဲဘော်နှင့် တော်လှန်ရေးနှင့် ဆက်စပ်သူများကို ဖုန်းဆက် မျှားခေါ်နေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထောက်ချောက်ဆင် ဖမ်းဆီးမှုကြောင့် ပြီးခဲ့သည့် ဇွန်လ (၁၉)ရက်နေ့ ည (၇) နာရိ အချိန်တွင် CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦးသည် စက်မှုဇုန်မှ အင်းလေးဒေသအတွင်းသို့ အပြန်လမ်းတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့သည်။

“စစ်တပ်က ဖမ်းသွားတဲ့ ရဲဘော်တွေကို စစ်တပ်က အသုံးချတာ၊ သူတို့ကို ဖုန်းလိုက်ဆက်ခိုင်းပြီး တမင်ထောင်ချောက်ဆင်တာ၊ အခုလည်း CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းကို ထပ်ဖမ်းသွားတယ်၊ခုထိတော့ တောင်ကြီးက (စရဖ)မှာ ထိန်းသိမ်းထားတယ်လို့သိရတယ်။”ဟု တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုကြောင့် အဆိုပါ ဖမ်းဆီးခံရသော ရဲဘော်နှစ်ဦးမှ ဖုန်းဆက်၊ စာပို့၍ ဆက်သွယ်လာလျှင် အဆက်သွယ်မလုပ်ရန်နှင့် စစ်တပ်ထောင်ချောက်ဖြစ်သောကြောင့် ဒေသတွင်း လှုပ်ခြားနေသော တော်လှန်ရေးအဖွဲ့ဝင်များ အမြန်ရှောင်တိမ်းကြရန် အဆိုပါ တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

အင်းလေးဒေသတွင်း တော်လှန်ရေးရဲဘော်များ ဖမ်းဆီးခံရအောင် သတင်းပေးဒလန်များကို လည်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြင်းထန်စွာ တုန့်ပြန်အရေးယူသွားမည်ဟု သတိပေးထားသည်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၉) တပ်ရင်းသည် အင်းလေးဒေသနှင့် ကရင်နီနယ်စပ်တွင် လှုပ်ရှားနေသည် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။

Most read this week

သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...