မူဆယ် စစ်အာဏာရှင် ဆန့်ကျင်သည့် ပရဟိတသမားကို မူးယစ်မှုနဲ့ ဖမ်းရန် ကြိုးစားနေ

မူဆယ် စစ်အာဏာရှင် ဆန့်ကျင်သည့် ပရဟိတသမားကို မူးယစ်မှုနဲ့ ဖမ်းရန် ကြိုးစားနေ

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် ဦးဆောင်နေသည် ဟု နာမည်ထွက်သူ များကို တပ်မတော်က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၈ )ရက် ညတွင် စစ်အာဏာရှင်စနစ် ကျရှုံးရန်အတွက် ဆန့်ကျင်ဆန္ဒပြရာတွင် ဦးဆောင်သည့် ဟုနာမည်ထွက်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ မှ မူဆယ်မြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးထွန်းကိုကို နှင့် လူမှုကူညီရေးအသင်း မှ ဦးသောင်းထွန်းကို လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိမှာတော့ ဒေသခံ များပြောပြချက် အရ ဦးထွန်းကိုကို ကို တပ်မတော်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ ဦးသောင်းထွန်း မှာ ရှောင်တိမ်းနေရကြောင်း သိရသည်။

တပ်မတော် က ဦးသောင်းထွန်းကို လက်ရှိ မှာ မူးယစ်ဆေးဝါးအမှုဖြင့် နေအိမ်ကို လာရောက်ရှာဖွေကာဖမ်းဆီးရန် ကြိုးစားနေသည်ဟု နီးစပ်သူ အသိုင်းအဝန်းက ပြောပြသည်။

“ ကျနော်သိရသလောက်တော့ ကိုထွန်းကိုကို ဖမ်းခံထားရတယ်။ ဦးသောင်းထွန်းကတော့ လွှတ်သွားတယ်။ ဦးသောင်းထွန်းကို မူးယစ်ဆေးမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်ကြားတယ်” ဟု မူဆယ်ဒေသခံ စိုင်းလှ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို မူဆယ်မြို့တွင် ပရိဟိတ အဖွဲ့ ဦးသောင်းထွန် နှင့် NLD ကိုယ်စားလှယ် ဦးထွန်ကိုကို တို့ကို ယမန်နေ့ ည အချိန်တွင် တပ်မတော်ဖက်မှ လာရောက် ဖမ်းဆီးခဲ့ပြီး ဦးသောင်းထွန် လူနာပို့ဆောင်မှုဖြင့် အချိန်မှီရှောင်းတိမ်မိကြောင်း သိရသည်။

ဦးသောင်းထွန်း လာဖမ်းဆီးချိန်တွင် တစ်ခြားမြို့နယ်သို့ ကိုဗစ် ၁၉ လူနာသွားပို့နေသောကြောင့် လွတ်မြောက်သွားကြောင်းသိရသည်။

“ ကျနော် လူနာပို့ရင်နဲ့ ခရီးထွက်နေတဲ့အချိန်မှာ မနေ့ည ၁၂ နာရီရောက်လာတယ်လို့ပြောတယ်။ ကျနော် ကိုဖုန်းဆက်တယ်။ ကျနော် အိမ်မှာမရှိဘူးလို့ ပြောတော့လဲ မယုံဘူး။ အိမ်ပြင်မှာ ၁ နာရီကျော်စောင့်ပြီးတော့ ခြံတံခါးကို ဖျက်ဆီးပြီး‌တော့ ဝင်ခဲ့ကြတယ်” ဟု ဦးသောင်းထွန်းကပြောသည်။

ဦးသောင်းထွန်းကို မူးယစ်ဆေးဝါဆိုင်ရာဖြင့် ဖမ်းဆီးနိုင်ကြောင့် ဝရမ်းထုတ်ထားကြောင်း ၎င်း ကပြောသည်။

“ ကျနော်ကို မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးပိုင်ခွင့်ဆိုပြီး ဝရမ်းထုတ်ထားတယ်။ ဘာမှလဲသူတို့မတွေ့သွားဘူး။ ကျနော်ကိုယ်တိုင်ကလဲ ဆေးလိပ်၊ ကွမ်းတွေမစားဘူး။ အရက်လဲ မသောက်ဘူး။ ကျတော် ဆေးလိပ်မသောက်ရဆိုတဲ့ထဲမှာ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ပါဝင်လှုပ်ရှာနေသူ ဖြစ်တယ်။ ကျတော်ကို အဲလိုဝရမ်းလာထုတ်တော့ စော်ကားတာဗျ” ဟု ဦးသောင်းထွန်းက ဝမ်းနည်းစွာဖြင့်ပြောသည်။

ဦးသောင်းထွန်သည် မူဆယ်မြို့တွင် တက်ကြွလှုပ်ရှာသူတစ်ဦး၊ ၎င်း၏ လူမှုစာမျက်နှာပေါ်တွင် တင်သည့် အရာတိုင်းသည် မှန်ကန်သောကြောင်း၊ ထိုအရာသို့ကြောင့် ထိန်းသိမ်းထားရန် အတွက် လာရောက်ဖမ်းဆီးကြောင်းသိရသည်။

လာရောက်ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရပ်ကွက်ဥက္ကဌ တို့နှင့် အတူတကွပါဝင်ပြီး လာရောက်ဖမ်းဆီးကြောင်းသိရသည်။

ဖေဖော်ဝါရီ (၈)ရက်မှ စတင်ကာ မူဆယ်မြို့ ရှိ သိန်းချီ ဒေသခံ ပြည်သူများ၊ အစိုးရဝန်ထမ်းများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြမှုများကို ပြုလုပ်နေသည် မှာ ယနေ့ထိတိုင်ဖြစ်သည်။

ထိုအပြင် အစိုးရ ဝန်ထမ်းများဖြစ်သည် ပညာရေး ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများနှင့် အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများက စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် Civil Disobedience Movement (CDM) ကို ပြုလုပ်ခဲ့ကြသည်။

ထို CDMတွင် အကောက်ခွန်ဦးစီးဌာန နှင့် သွင်းကုန်/ပို့ကုန် အေးဂျင့် ဝန်ထမ်းများပါဝင်သည့်အတွက် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးဇုန် ပိတ်ထားရကြောင်းသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...