စစ်အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှု တောင်ကြီဒေသခံများ ပိုပါဝင်လာ

စစ်အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှု တောင်ကြီဒေသခံများ ပိုပါဝင်လာ

ယိင်းတိုင်း —  သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှု ကို ပညာရေး ဝန်ထမ်းများလည်း ယနေ့ဖေဖော်ဝါရီ (၉) ရက် တွင် ပါဝင်လာကြောင်း သိရသည်။

စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဆရာဝန်များ ၊ ကျန်းမာရေးဝန်ထမ်း များ ၊ ကျောင်းသားများ ၊ ရှေ့နေများ ၊ ဆရာ /ဆရာမများ ၊ လူငယ်များ နှင့် ဒေသခံ တိုင်းရင်းသားများ တနေ့ထက်တနေ့ ပိုမိုပါဝင်လာသောကြောင့် လူအင်အား သိန်းကျော်ခန့်ရှိကြောင်း သိရသည်။

တောင်ကြီး မြို့လည် မြို့မဈေးရှေ့ တွင် ယခင်ရက်များမှ ဆန္ဒပြ လူထုများ ၏ သပိတ်စခန်းဆုံမှတ်အဖြစ် ထားရှိထားသော်လည်း ယနေ့တွင် အဆိုပါနေရာ များကို ရဲတပ်ဖွဲ့များမှ ပိတ်ပင်ထားသည်။

ထို့ပြင် တောင်ကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားကြောင်း လော်စပီကာများဖြင့် ဆော်ဪ နေသော်လည်း သိန်းချီသော မြို့ခံလူထုများမှ မိန်းလမ်း မပေါ်တွင်နေရာယူထားကြောင်းတွေ့မြင်ရသည် ။

တောင်ကြီးမြို့တွင် စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ (၇) ရက်နေ့က စတင်ခဲ့ပြီး တနေ့ထက်တနေ့ ဒေသခံလူထုများ ပိုမိုပါဝင်လာပြီး ဝတ်စုံ အနက်ရောင် များ ဝတ်ဆင်ကာ စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်များ ပြန်လွတ်ပေး ရေး ၊ ရွေးကောက်ပွဲ မဲရလာဒ်အား လက်ခံနိုင်ရေး အတွက် ကြွေးကြော်ခဲ့ ကြောင်းသိရှိရပါသည် ။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...