စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်ထားရ

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်ထားရ

မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅)မိုင်ရှိ နယ်စပ်ကုန်သွယ်ရေးဇုန် ကို ပိတ်ဆိုင်းထားရကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၈)ရက် မနက်ပိုင်းတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုံ တည်ရှိသည့် မူဆယ်မြို့တွင် လူဦးရေ ၂သိန်းနီးပါးသည် စစ်အာဏာဆန့်ကျင်လှုပ်ရှားမှုကို စတင်လှုပ်ရှား လာခဲ့ကြသည်။

ဖေဖော်ဝါရီ ၁ရက်နေ့ တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မသိမ်းယူပြီးနောက် မြန်မာပြည် အနှံ့ ပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒသည့်လှုပ်ရှားမှုများ ပြုလုပ်လာကြသည်။

ထိုပြုလုပ်လာသည့်ထဲတွင် နိုင်ငံဝန်ထမ်းများလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး (Civil Disobedience Movement) ကို ပါဝင်လှုပ်ရှားလာသည်။

“ သွင်းကုန်/ပို့ကုန် အေးဂျင့်က လူတွေ က ဒီနေ့ဆန္ဒထုတ်ဖော်ကြတယ်။ နောက်ပြီး အကောက်ခွန် ဦးစီးဌာန က ဝန်ထမ်းတွေကလည်း CDM လှုပ်ရှားမှုမှာပါတဲ့အတွက် ကုန်သွယ်ရေး ပိတ်လိုက်ရတဲ့ သဘောပါ။ သွင်းကုန်/ ပို့ကုန် အတွက် စာရွက်စာတမ်းတွေ လုပ်မယ့်သူမရှိလို့ပါ” ဟု မူဆယ်မြို့ကုန်သည် တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်အာဏာရှင် ကျရှုံးရေးအတွက် ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ ၊ကျောင်းသားများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကလည်း ပါဝင်လာကြသည်ကို တွေ့မြင်ရသည်။

စစ်အာဏာ သိမ်းယူမှု ကို ဆန့်ကျင်သည့် နေရာတွင် အစိုးရ ဝန်ထမ်းများအနေဖြင့် (CDM)လှုပ်ရှားမှုကို ပါဝင်လာသည့်အတွက် အစိုးရ ဌာနများ၊ အစိုးရရုံးများနှင့် အလုပ်ရုံများပိတ်လိုက်ရကြောင်းသိရသည်။

July 3, 2026
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကို စစ်တပ်က ၈ လနီးပါးကြာ သည်အထိ...
July 2, 2026
သျှမ်းပြည်တောင်ပိုင်းတွင် စလော့ဂိမ်းကစားသူများကို စတင်ဖမ်းဆီးလာပြီး လမ်းသွားလမ်းလာများ၏...
July 1, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ်...
June 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့...