တပ်မတော်အာဏာသိမ်းမှု အလိုမရှိကြောင်း ဂွနှင့်သံတွဲမြို့တို့တွင် ဆန္ဒပြ

တပ်မတော်အာဏာသိမ်းမှု အလိုမရှိကြောင်း ဂွနှင့်သံတွဲမြို့တို့တွင် ဆန္ဒပြ

ရခိုင်ပြည်နယ်၊ ဂွမြို့နှင့် သံတွဲမြို့တို့တွင် ယနေ့ (ဖေဖေါ်ဝါရီ ၈ ရက်)နံနက်ပိုင်းက တပ်မတော်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဂွမြို့နယ်တွင် နံနက် ၈ နာရီကျော်မှစတင်ကာ လူအင်အားနှစ်ထောင်ခန့်က ဆိုင်ကယ်များဖြင့် မြို့တစ်ပတ် လှည့်လည်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက “ရဲတွေလမ်းပိတ်တာ၊ တားတာလောက်ပဲဖြစ်ပါတယ်။ ကျန်တာတော့ မရှိပါဘူး။ နောက်နေ့တွေမှာလည်းပြဖို့အတွက် အစီအစဉ်ရှိပါတယ်” ဟု ၎င်းကပြောသည်။

ယင်းသို့ဆန္ဒပြရာ၌ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ”ဆိုသည့် ကြွေးကြော်သံဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

အလားတူ သံတွဲမြို့တွင်လည်း ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ မြို့တော်ခန်းမဟောင်းအနီးမှ ဈေးအထိ လူအင်အားသုံးထောင်ကျော်က စီတန်းလှည့်လည်ကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“ကြွေးကြော်သံတော့ မပါဘူး။ အာဏာရှင်ကို မလိုလားဘူးဆိုတာကို ဆိုင်းဘုတ်တွေထောင်ပြီးတော့ ပြကြ တာပါ၊ ဒီတိုင်းပဲ ဘာမှအသံမထွက်ဘူး၊ ဒီတိုင်းပဲပြကြတာပါ၊ ငြိမ်းချမ်းစွာပေါ့” ဟု ၎င်းကပြောသည်။

July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...