ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာအောင်ကျော်မင်းကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်

ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာအောင်ကျော်မင်းကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်

ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာအောင်ကျော်မင်းကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ (၁၂)ဦးအား ခန့်အပ်တာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ယင်းသို့ခန့်အပ်ရာတွင် ဦးခက်ထိန်နန်(ကချင်ပြည်နယ်)၊ ဦးခင်မောင်ဦး(ခ)ဘူးရယ် (ကယားပြည်နယ်)၊ ဦးစောမြင့်ဦး (ကရင်ပြည်နယ်)၊ ဦးတဲရင့်စမွိုင်းနီခွဲ (ချင်းပြည်နယ်)၊ ဒေါက်တာတင်ဌေး (မွန်ပြည်နယ်)၊ ဒေါက်တာအောင်ကျော်မင်း(ရခိုင်ပြည်နယ်)၊ ဒေါက်တာကျော်ထွန်း (ရှမ်းပြည်နယ်)၊ ဦးမောင်မောင်လင်း (စစ်ကိုင်းတိုင်း)၊ ဦးတင့်လွင်(မကွေးတိုင်း)၊ ဦးမောင်ကို(မန္တလေး)၊ ဦးမျိုးဆွေဝင်း(ပဲခူးတိုင်း)၊ ဦးတင်အောင် (တနင်္သာရီတိုင်း) တို့ကို တိုင်းဒေသကြီး (၅)ခုနှင့် ပြည်နယ် (၇)ခုတို့တွင် အသီးသီးတာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည့် ဒေါက်တာအောင်ကျော်မင်းသည် သမ္မတဟောင်းဦးသိန်းစိန် အစိုးရလက်ထက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...
July 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက်...
July 8, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသတွင် ယခုနှစ် မိုးရာသီကာလ...
July 8, 2026
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ၂၇၀ ကီလိုမီတာအထိ ရှည်လျားသည့် နယ်စပ်ဧရိယာတွင် လုံခြုံရေး...