တပ်မတော်၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖားကန့်ကျန်းမာရေးဝန်ထမ်းများ ဆန္ဒဖော်ထုတ်

တပ်မတော်၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖားကန့်ကျန်းမာရေးဝန်ထမ်းများ ဆန္ဒဖော်ထုတ်

ဖားကန့်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများက တပ်မတာ်မှ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ယနေ့ ဖေဖေါ်ဝါရီလ (၄)ရက်နေ့နံက် (၁၁)နာရီကျော်က ဖားကန့်ပြည်သူ့ဆေးရုံဝန်းအတွင်းမှာ ဖဲကြိုးနီ ကန်ပိန်းပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည် ။

ဖားကန့်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်း သုံးဆယ်နီးပါးက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်ရခြင်းသည် ပြည်သူ့ဆန္ဒမဲများနှင့် ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဆီမှ အာဏာ သိမ်းယူခဲ့ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့်  ကုသမှုလုပ်ငန်းတွေများအား  ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖားကန့်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောသည် ။

” ပြည်သူ့ဆန္ဒမဲနဲ့ ရွေးချယ်အနိုင်ရတဲ့ ပြည်သူ့အစိုးရဆီကနေ အခုလို အာဏာသိမ်းယူခဲ့တာကို ကျွန်တော်တို့ ဆန့်ကျင်ကန့်ကွက်တာပါ ။ကျန်တာကတော့ ပြောစရာမရှိပါဘူး “ဟု ဖားကန့်မြို့နယ် ဒေါက်တာမင်းလွင်က ရှင်းပြသည်။

ဖားကန့်ဆေးရုံဝန်ထမ်းများအနေဖြင့် မိမိတို့ဆန့်ကျင်ကြောင်း ဆန္ဒသဘောထားကိုသာ ထုတ်ဖော်ခြင်းဖြစ်ပြီး အလုပ်ထွက်ခြင်းမျိုးအား ၎င်းတို့အနေနဲ့ ပြုလုပ်မည်မဟုတ်ကြောင်း ဒေါက်တာမင်းလွင်က ဆက်လက်ပြောသည်။

” အလုပ်ထွက်ရင် ပြည်သူတွေပဲ နစ်နာကြမှာမို့ ကျွန်တော် အနေနဲ့ကတော့ ဆက်ပြီး လုပ်စရာရှိတာ လုပ်မှာပါ ။ ကျန်တဲ့လူတွေကတော့ သူတို့လွတ်လပ်ခွင့်နဲ့ သူတို့ လုပ်ခွင့်ရှိပါတယ် “ဟု ဆေးရုံအုပ်ကြီးက ဆိုသည်။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့က တပ်မတော်၏ အာဏာသိမ်းမှုအပေါ်မကျေနပ်ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဖော်ဖော်ဝါရီ (၃) ရက်နေ့ ည(၈)နာရီအချိန်ကလည်း ဖားကန့်မြို့နယ်အတွင်းရှိ ဆိပ်မူ ၊လုံးခင်းအပါအဝင် မှော်ရွာများတွင်လည်း သံပုံးတီးခြင်း ၊ဒန်အိုးဒန်ခွက်တီးခြင်းများနှင့် အာဏာသိမ်းယူမှုကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...