ဒေသတွင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ ဖားကန့်ရတနာနယ်မြေကို ဝင်ရောက်ခွင့်ပြု

ဒေသတွင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ ဖားကန့်ရတနာနယ်မြေကို ဝင်ရောက်ခွင့်ပြု

ဖားကန်မြို့နယ် ဖားကန့်-လုံးခင်းရတနာနယ်မြေသို့ ဝင်ရောက်လာမည့် ခရီးသွားများအား ဒေသတွင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူများနှင့် ဝင်ရောက်ရန် သတ်မှတ်ထားမှုများနှင့် ကိုက်ညီသူများကိုသာ ခွင့်ပြုနေကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးမှ သိရသည်။

ဖားကန့်-လုံးခင်း ရတနာနယ်မြေကို ဝင်ရောက်လာသူများသည် ဒေသတွင်းမှတ်ပုံတင်ဖြစ်သည့် ၁/ ကိုင်ဆောင်ထားသူများနှင့် ဖားကန့်မြို့နယ်တွင်  တာဝန်ထမ်းဆောင်နေသည့် အစိုးရ ဝန်ထမ်းများ ၊ ကျန်းမာရေးကိစ္စကြောင့် အရေးပေါ်ခရီးသွားရသူများ ၊ ဖားကန့်မြို့နယ်တွင် အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် ရရှိသူများကိုသာ ဝင်ရောက်ခွင့်ပြုနေကြောင်း အုပ်ချုပ်ရေးရုံးက သိရသည်။

” ဒေသတွင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူ ၊ အစိုးရဝန်ထမ်းနဲ့ အရေးပေါ်ကျန်းမာရေးကိစ္စနဲ့သွားလာတဲ့သူတွေ ၊ ဒီမှာအမှန်တကယ်နေထိုင်ပြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ထောက်ခံသူတွေကိုပဲ ခွင့်ပြုထားတယ် “ဟု ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖားကန့်-လုံးခင်း ရတနာနယ်မြေသို့  ဝင်ရောက်လာသူ များအား ကာမိုင်းမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်တွင် စိစစ်ပြီး ဝင်ရောက်ခွင့်ပြုနေကြောင်းလည်း သိရသည်။

“ကာမိုင်းဂိတ်မှာကတည်းက ဒေသတွင်း မှတ်ပုံတင် ကိုင်ဆောင်ထားတာ ဟုတ်/မဟုတ် နဲ့ သတ်မှတ်ထားတဲ့ ထုတ်ပြန်ချက် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးမှ ခွင့်ပြုနေတာပါ “ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ဖားကန့်-လုံးခင်း ရတနာနယ်မြေသို့ ရောက်လာမှုအား ဖေဖော်ဝါရီ (၁) နေ့က စတင်ကန့်သတ်ခဲ့ခြင်း ဖြစ်ပြီးဖားကန့်-မြစ်ကြီးနား ကားလမ်းကို ကာမိုင်းမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်မှ စတင်ပြီး အတက်အဆင်းကားများအား တပ်မတော်က တားဆီးထားပြီးမှ အချိန်နှင့်အတက်အဆင်းလုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ဖားကန့်-လုံးခင်း ရတနာနယ်မြေ အတွင်း ဝင်ရောက်မှုများအား ကန့်သတ်ခဲ့‌ေသာ်လည်း ဖားကန့်မြို့နယ်မှ ထွက်ခွာမည်ဆိုပါက မည်သည့် အထောက်အထားမှမလိုပဲ ဆင်းခွင့်ပြုထားကြောင်းလည်း သိရသည်။

ဇော်မိုးထက် ( ဖားကန့် )

May 28, 2026
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ရေးအခြေအနေရ ပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းပိုင်းကို ကျောင်းသူ/...
May 27, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ မြစ်ဆုံရေကာတာစီမံကိန်း...
May 26, 2026
ကိုးကန့်တပ် (MNDAA) ရဲ့ တော်လှန်ရေးကို အကြောင်းပြုပြီး ပြည်သူလူထုကို ဒုက္ခရောက်စေတဲ့...
May 23, 2026
စိုင်းခေ — မြန်မာလို "လူလေး၊ လုံမလေး" လို့ ခေါ်လိုက်တဲ့ အသံဟာ ဘယ်လောက်များ စိတ်ဘဝင်တွေ့စရာ...