Published
Tuesday, April 18, 2017
မြန်မာဘာသာ အစီအစဉ် (ဧပြီလ ၁၆၊ ၂၀၁၇)
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် က မြန်မာနိုင်ငံမှာ စစ်အစိုးရကပဲ အာဏာကို ချုပ်ကိုင်းထားသေးတယ်လို့ ချင်းမုုိင်မြို့မှာကျင်းပခဲ့တဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံုး KNU အဖွဲ့ရဲ့ နောက်ထပ်လေးနှစ် သက်တမ်းအ တွက် ဦးဆောင်မယ့် ခေါင်းဆောင်သစ်တွေကိုု ရွေးချယ်လိုုက်ပြီလိုု့ ပြောပါတယ်။
ရခိုုင်ပြည်နယ်က ကျောက်ဖြူဒေသမှာ နိုင်ငံတကာ သင်္ဘောကြီးတွေ ဝင်ထွက်သွားလာမှု အဆင်ပြေစေဖို့ ရေကြောင်းအချက်ပြကိရိယာတွေနဲ့ ရေလမ်းကြောင်းဧရိယာ သတ်မှတ်ထားတဲ့အတွက် ကမ်းနီးရေလုပ်သားတွေ အခက်ကြံုနေကြရပါတယ်။






