ကချင်ပြည်နယ် အစိုးရအဖွဲ့ မှ ဝန်ကြီးများအား ဝန်ကြီးများ အိမ်ယာမှ ၃ ရက်အတွင်း အပြီးပြောင်းရွှေ့ရန် တပ်မတော်က ပြောသည် ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။
တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဒုတိယနေ့တွင် ဝန်ကြီးအချို့အား ပြန်လည်လွတ်ပေးခဲ့ပြီးနောက် ၃ ရက်အတွင်း ပြောင်းရွှေ့ပေးရန် ပြောဆိုထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ကချင်ပြည် နယ်အလုပ်အမှုဆောင် စိုင်းကျော်သူစိုး က ပြောသည်။
“သုံးရက်အတွင်း ပြောင်းရွှေ့ခိုင်းတယ်လို့ ပြောတယ်။ ဝန်ကြီးနှစ်ပါးတော့ ကျန်သေးတယ်လို့ ပြောတယ်။ ဝန် ကြီးချုပ်တော့ အိမ်ရောက်ပြီလို့ ပြောတယ်။ အိမ်ရောက်ပြီဆိုတာက ဒီသူတို့ ထိန်းသိမ်းထားတဲ့နေရာနေပေါ့။ လွှတ်ပေးတာတော့ မဟုတ်သေးဘူး။ အခု တချို့က ပစ္စည်းတွေရွှေ့နေကြတယ်။ တချို့ကတော့ ဒီနေ့ပဲရွှေ့နေ ကြတယ်။ တချို့ ကတော့ မနက်ဖြန်မှ ရွှေ့ ကြမယ်။ သုံးရက်အတွင်းရွှေ့ခိုင်းထားတယ်။ သူတို့နဲ့ လည်း ကျနော် တို့က မတွေ့ရဘူး။ ကျနော်တို့က ဝင်လို့မရဘူးလေနော်” ဟု စိုင်းကျော်သူစိုး က ပြောသည်။
အစိုးရအဖွဲ့မှာ ဝန်ကြီးများ လွတ်မြောက်လာပြီဖြစ်သော်လည်း ယခုအချိန်ထိ တွေ့ခွင့်မရသေးဘူးဟု စိုင်းကျော် သူစိုး က ဆက်ပြောသည်။
“ပြည်နယ်ရုံးကိုတော့ မြင်တဲ့အတိုင်းပဲ သူတို့ ထိန်းသိမ်းထားတာပေါ့နော်။ ပြည်နယ်ဥက္ကဋ္ဌလည်းပါတယ်။ မြို့ နယ်တိုင်း မြို့နယ်တိုင်းမှာ ဥက္ကဋ္ဌတို့၊ အတွင်းရေးမှူးတို့လည်းပါတယ်။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်က ၁၈ မြို့နယ်လုံး ထိန်း သိမ်းထားတယ်ဗျ။ အဲ့ထဲမှာမှ တချို့ပြန်လွတ်တာရှိတယ်။ မလွှတ်သေးတာရှိတယ်။ နာမည်အတိအကျ တော့ ကျနော်လည်း မသိဘူး။ ရွှေကူ၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း အဲ့ဘက်တွေကဆို အခုထိ မလွတ်လာ သေး ဘူး။ ဦးနော်လီနဲ့ ဦးနေဝင်းလည်း မလွတ်သေးဘူး။”
ကချင်ပြည်နယ်အပါအဝင် အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ နှင့် NLD ပါ တီမှာ ထိပ်ပိုင်းခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ထိပ်ပိုင်းခေါင်းဆောင်များလည်း ယနေ့အချိန်ထိ ထိန်းသိမ်းခံထားရ ဆဲဖြစ်သည်။
မြန်မာနိုင်ငံအား တစ်နှစ်တာကာလ အရေးအပေါ် အခြေအနေ ကြေညာပြီးနောက် နိုင်ငံ့အာဏာကို ထိန်းချုပ် ကြောင်း တပ်မတော်က ကြေညာပြီးနောက် ယာယီ သမ္မတ အဖြစ် ဦးမြင့်ဆွေက နိုင်ငံ၏ ဥပဒေပြုရေး၊ အုပ် ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံ ပေးအပ်ကြောင်း သတင်း ထုတ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စု အစိုးရဝန်ကြီးသစ်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ခန့်အပ် တာဝန်ပေး လိုက်သည်။







