ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်များ နေထိုင်ရေး အခက်ခဲရှိနေ

ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်များ နေထိုင်ရေး အခက်ခဲရှိနေ
Caption: ရသေ့တောင်မြို့ပေါ်ရှိ ရွှေပါရမီ စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီးများအား တွေ့ရစဉ်။
Caption: ရသေ့တောင်မြို့ပေါ်ရှိ ရွှေပါရမီ စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီးများအား တွေ့ရစဉ်။

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်ရှိ အမက(၃) စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များမှာ နေထိုင်ရေးများ အခက်ခဲရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများနှင့် စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ထို အမက(၃) စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များမှာ ရသေ့တောင်မြို့နယ်၊ ငစရိုင်းချောင်းကျေးရွာမှ ထွက်ပြေးတိမ်ရှောင်လာသူများဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ (၁၆) ရက်နေ့က ၎င်းတို့ကို နေရာဖယ်ရှားခိုင်းသောကြောင့် စစ်ဘေးရှောင်များမှာ နေထိုင်ရန်အခက်ခဲရှိနေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုဘက္ကာက DMG သို့ ပြောသည်။

“အခုက ကျောင်းပြန်ဖွင့်တော့မယ်ဆိုတော့ သူတို့ကို နေရာဖယ်ခိုင်းတယ်။ ကျနော်တို့လည်း သူတို့အတွက် နေရာရှာနေတယ်။ ကျနော်တို့မှာလည်း အခက်ခဲတွေအများကြီးရှိတယ်။ လောလောဆယ်တော့ သူတို့ နေဖို့အတွက် မြေကွက်ရှာနေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၇ စုရှိပြီး လူဦးရေ ၄၀ ကျော်ရှိကြောင်း စခန်းတာဝန်ခံ ကိုဇော်လင်းက DMG သို့ ပြောသည်။

“တကယ်လို့ ကျနော်တို့ဖယ်ရမယ်ဆိုရင် ကျနော်တို့မှာ နေဖို့အတွက် နေရာမရှိသေးဘူး။ လောလောဆယ်က တော့ သူတို့မရောက်သေးတဲ့အတွက် နေထိုင်လို့တော့ရသေးတယ်။ ကျနော်တို့ကို ဒီနေ့နောက်ဆုံးထားပြီး တော့ ဖယ်ခိုင်းထားတာ။ အခုက ဖယ်ဖို့အတွက် နေရာလေ့မရှိသေးဘူး။ အခက်ခဲတွေအများရှိတယ်”ဟု ၎င်းကဆိုသည်။

ထိုစစ်ဘေးရှောင်များကို ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ခိုင်းထားခြင်းဖြစ်ပြီး စစ်ဘေး ရှောင်များမှာ ပြောင်းရွှေးရန်နေရာ မရှိသေးသည့်အတွက် အခက်ခဲများရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစပြီး တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင် နှစ်သိန်းကျော် အထိရှိခဲ့ကာ လက်ရှိတွင် စစ်ဘေးရှောင်အချို့ နေရပ်ပြန်သွားသဖြင့် စစ်ဘေးရှောင် တစ်သိန်းရှစ်သောင်း ကျော်ခန့်မှာ စားဝတ်နေရေနှင့် ပညာရေးများ အခက်ခဲရှိနေဆဲ ဖြစ်သည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...