အစိုးရက ကမ်းလှမ်းထားမှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် မြောက်ပိုင်းလေးဖွဲ့ ညှိနှိုင်းနေ

အစိုးရက ကမ်းလှမ်းထားမှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် မြောက်ပိုင်းလေးဖွဲ့ ညှိနှိုင်းနေ

အောင်ထိန် — ရက္ခိုင့်တပ်တော်(AA)အပါအဝင် မြောက်ပိုင်းလေးဖွဲ့နှင့် ပဏမအပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် အစိုးရမှကမ်း လှမ်းထားမှုနှင့်ပတ်သက်၍ မြောက်ပိုင်းလေးဖွဲ့တို့ကြား ညှိနှိုင်းနေဆဲဖြစ်ကြောင်း TNAL ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က DMG သို့ ပြောသည်။

“အစိုးရကတော့ ကမ်းလှမ်းထားတယ်။ဒါပေမယ့် ကျွန်တော်တို့လေးဖွဲ့ကြားမှာ ထိပ်ပိုင်းခေါင်းဆောင်အချင်း ချင်း ပြန်ညှိနေကြတယ်ပေါ့။ အခြေအနေက ဘယ်လိုရှိလဲဆိုတာ အသေးစိတ်ကိုတော့ ကျွန်တော်မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး ရေးထိုးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပမာဏအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအဆိုကို အစိုးရမှ မြောက်ပိုင်းလေးဖွဲ့ထံသို့ ပေးပို့ထားကြောင်း သိရသည်။

အစိုးရမှ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး တစ်ဖွဲ့ချင်းစီ ဆွေးနွေးသွားမည်ဖြစ် ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးရာတွင် တပ်နေရာချထားရေးကိစ္စ၊ IDPs ကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ၊ ရွေးကောက်ပွဲမကျင်းပခဲ့သည့် ဒေသများတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ ထိရောက်ခိုင်မာသော ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး၊ နှစ်ဖက်တပ်များအနေဖြင့် ထိတွေ့တိုက်ပွဲမဖြစ်ပွားရေး ရှောင်ရှားရန် သဘောတူညီချက်ကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုကိုရပ်တန့်ရေး တွေ့ဆုံဆွေးနွေးမှုမှာ အဓိကအဖြေဖြစ်သဖြင့် မြောက်ပိုင်းလေးဖွဲ့အနေဖြင့် လည်း ယင်းသို့ တွေ့ဆုံဆွေးနွေးမှုကို လိုလာကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

“နဂိုကတည်းက မြောက်ပိုင်းလေးဖွဲ့လုံးရဲ့ သဘောထားကတော့ တွေ့ဆုံဆွေးနွေးမှုကိုလိုလားတယ်ပေါ့။ တွေ့ဆုံ ဆွေးနွေးမှုက အဓိကပစ်ခတ်မှုကို ရပ်စဲနိုင်တဲ့အဖြေဖြစ်တယ်ပေါ့နော်။ ဒီတွေ့ဆုံ ဆွေးနွေးဖို့အတွက်လည်း ကျွန် တော်တို့က အဆင်သင့်ရှိတယ်။ အဲဒါက နဂိုကတည်းက သဘောထားဖြစ်တယ်။ အခုလည်းဒီအတိုင်းပဲ”ဟု ၎င်းက ပြောသည်။

မြောက်ပိုင်းလေးဖွ့ဲနှင့် တွေ့ဆုံနိုင်ရန်အတွက်လည်း မြစ်ကြီးနားနှင့်ကျိုင်းတုံ တစ်နေရာတွင် အစိုးရဖက်မှ ရွေးချယ်ထားသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့မှ ထိပ်ပိုင်းခေါင်းများအနေဖြင့် ညှိနှိုင်းနေသည့်အချိန်ဖြစ်သောကြောင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် တွေ့ဆုံမည်ကို မသိရှိနိုင်သေးကြောင်း TNAL ပြောခွင့်ရဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မကျင်းပနိုင်ငံသည့် မြို့နယ်များ၌ ရွေးကောက်ပွဲပြန်လည်ကျင်းပရေးကို အခြေခံ၍ AA ၏ ထုတ်ပြန်တောင်းဆိုချက်အား တပ်မတော်မှ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်နား လည်မှုများဖြင့် တိုက်ပွဲရပ်တန့်နေသည်မှာ လက်ရှိတွင် နှစ်လကျော်အထိ ရှိခဲ့ပြီဖြစ်သည်။

တိုက်ပွဲရပ်တန့်နေခြင်းကြောင့် စစ်ဘေးရှောင်အချို့ မိမိလယ်ယာလုပ်ငန်းကို လုပ်ကိုင်ရန် နေရပ်ပြန်မှုများ ရှိသော်လည်း အများစုမှာ နေရပ်မပြန်နိုင်သေးပေ။ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အာမခံချက် များပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...