မုဒုံဦးအနီးတဝိုက် ရာဘာစက်ရုံရေဆိုးများကြောင့် သောက်သုံးရေအခက်ကြံု

မုဒုံဦးအနီးတဝိုက် ရာဘာစက်ရုံရေဆိုးများကြောင့် သောက်သုံးရေအခက်ကြံု
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံဦးကျေးရွာအနီးတဝိုက်ရှိ ဒေသခံများသည် ရာဘာစက်ရုံများမှ ထွက်ကျလာသောရေဆိုး များကြောင့်သောက်သုံးရေအခက်ကြုံနေရသည်ကို တွေ့ရှိရသည်။

လွန်ခဲ့သည့် ၅ နှစ်ခန့်ကတည်းက ဖူရှင်၊ ဖူလီလိုက်၊ ရွှေမြန်မာ၊ ဟိုက်ဝင်ကုမ္ပဏီများမှ ထွက်ရှိသောရာဘာရေဆိုးများကို  ချောင်းများအတွင်းသို့တိုက်ရိုက်လွှတ်ချနေသဖြင့် အနံ့ဆိုးများကိုလည်း နေ့တိုင်း ရှူရှိက်နေရကြောင်း ဒေသခံတစ်ဦးက မွန်သတင်းအေဂျင် စီသို့ ပြောသည်။

မုဒုံဦးကျေးရွာနေ ဦးလှသိန်းက “ ချောင်းရေကိုသုံးလို့ မရတော့ဘူး၊ စက်ရုံကထွက်ရှိတဲ့ အနံ့ဆိုးတွေ၊ အညှော်အန့ံတွေကတော့နေ့ တိုင်း ဖြတ်သွားဖြတ်လာ သူတွေက အန့ံရတာပေါ့၊ ဦးတို့က ဒီမှာနေတာကြာတော့ဒီအန့ံတွေက ရိုးနေပြီ” ဟု ပြောသည်။

အကယ်၍ စက်ရုံများမှ လက်ရှိထုတ်လွှတ်နေသည့် ရာဘာဆေးရေများကိုပိုက်ဖြင့်သွယ်ချပါက ချောင်းရေလည်းသန့်ရှင်းလာပြီး ပတ်ဝန်းကျင်တွင် အနံ့ဆိုးများ မရှိနိုင်တော့ကြောင်း ဒေသခံတို့ယူဆနေသည်။

ဦးခင်စိုးက “ ကျနော်တို့ ဒီအန့ံသက်ကို နေ့တိုင်းရှုရှိက်နေရတော့ကျန်းမာရေးထိခိုက်မယ်၊ ကုမ္ပဏီဘက်ကလည်းရေရှည်လုပ်သွား မယ်ဆိုရင် စက်ရုံကနေအန့ံဆိုးမထွက်အောင်၊

 ရေသန့်ရှင်းမှုရှိအောင် စက်ရုံမှ ထွက်ကျလာတဲ့ရေတွေကိုပိုက်နဲ့ သွယ်လိုက်ရင် အဆင်ပြေသွားမယ်” ဟု ပြောသည်။

အဆိုပါ စက်ရုံပတ်ဝန်းကျင်အနီးတဝိုက်မှ အိမ်ထောင်စုအချို့ မုဒုံမြို့ဘက်သို့ပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။

ဖူရှင်ရာဘာဝယ်ယူရေးစက်ရုံ မန်နေဂျာ ဦးသူရ က “စက်ရုံကနေအသုံးပြုပြီးတဲ့ရေတွေကို ရေစစ်ကန်မှာ အဆင့်ဆင့်သန့်စင်တယ်၊ ရေသန့်တဲ့အနေအထားရောက်မှပဲဦးတို့က ချောင်းမှာလွှတ်တာပေါ့နော်၊ နောက် စက်ရုံကနေထွက်တဲ့ရာဘာအနံ့ကိုလည်း ခေါင်းတိုင်မှာမလွှတ်ဘဲနဲ့ ရေကိုဖြတ်ပြီးတော့မှအနံ့သက်သာအောင် လွှင့်တဲ့စနစ်ကို သုံးထားတယ်” ဟုပြောသည်။

မုဒုံဦးကျေးရွာအနီးတစ်ဝိုက်တွင်ရှိ ရာဘာကုမ္ပဏီများသည် မွန်ပြည်နယ်ရှိရာဘာထူ၊ ရာဘာခွက်ကျန် နှင့် ရာဘာဆွဲဖတ်များကို ဝယ်ယူပြီးစက်ဖြင့်ကြိတ်ကာ နိုင်ငံခြားသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်းယင်းကုမ္ပဏီမှ သိရသည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...