မွန်ပြည်နယ်ထွက်ငါးများကို ပြည်တွင်းဈေးကွက်သို့ ပိုမိုတင်ပို့မည်

မွန်ပြည်နယ်ထွက်ငါးများကို ပြည်တွင်းဈေးကွက်သို့ ပိုမိုတင်ပို့မည်

ငါးဈေးကွက်ပျက်သည့် ပြဿနာကို ဖြေရှင်းရန် မွန်ပြည်နယ်ထွက်ငါးများကို ပြည်တွင်းဈေးကွက်သို့ ပြောင်းလဲ တင်ပို့နိုင်ရန် စီစဉ်နေကြောင်း ပြည်နယ် ငါးလုပ်ငန်း ဌာနက ပြောသည်။

COVID-19 ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ထွက် ငါးများ ပြည်ပတင်ပို့ရောင်းချနိုင်ခြင်းမရှိပဲ ငါးစျေးကွက် ရပ်တန့်နေသည့် ပြဿနာဖြေရှင်းနိုင်ရေးအတွက် ပြည်ပစျေးကွက်မှ ပြည်တွင်းစျေးကွက်(အထက်မြန်မာပြည်) စျေး ကွက်သို့ တင်ပို့ရောင်းချနိုင်ရေး အတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့က ယခုကဲ့သို့ စီစဉ်ရ ခြင်း ဖြစ်သည်ဟု ပြည်နယ်သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှဟန်က ပြောသည်။

“ကိုဗစ်ဖြစ်နေတဲ့ကာလမှာ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ငါးဖမ်းလုပ်သားတွေရဲ့ ငါးစျေးကွက် ပေါ့ ငါးစျေး ကွက်က ရပ်တန့်နေတဲ့ သဘောဖြစ်နေတယ်။ ရပ်တန့်နေတဲ့သဘောဖြစ်နေတဲ့ အခါကျတော့ ရောင်းချဖို့ အခက် အခဲ ရှိနေတယ်။ ဒီအပေါ်မှာ သမဝါယမကနေ ငါးဖမ်းလုပ်သားတွေ အခက်အခဲဖြစ်နေတဲ့ ငါးစျေးကွက် ဖြန့်နိုင် အောင် ဆောင်ရွက်ခြင်းဖြစ်တယ်၊ ငါးဖမ်းလုပ်သားတွေ အခက်အခဲဖြစ်နေတဲ့ ငါးစျေးကွက်ပျက်နေတဲ့ အပေါ် မှာ စားသုံး သူ ပြည်သူလက်ထဲ တိုက်ရိုက်ရောက်အောင် ဆောင်ရွက်ခြင်းဖြစ်တယ်” ဟု ဦးလှဟန်က ပြော သည်။

မွန်ပြည်နယ်ထွက် ငါးများကို ပြည်နယ်အတွင်းသာမက အထက်မြန်မာပြည် စျေးကွက်ဖြစ်သည့် ပြည်တွင်းစျေး ကွက် တွင် တင်ပို့ရောင်းချနိုင်ရေး ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့က စီစဉ်ဆောင် ရွက် နေသည်ဟု ပြောသည်။

မွန်ပြည်နယ်ထွက် ငါးများကို ယခင်က တရုတ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေပြီး ထွက်ရှိသည့် ငါး ၉၀ ရာခိုင်နှုန်းခန့်သည် တရုတ်ပြည်စျေးကွက်ကို မှီခိုနေရသည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြောသည်။

COVID-19 ကပ်ရောဂါကြောင့် ငါးများ တရုတ်စျေးကွက်သို့ တင်ပို့ရန် အခက်အခဲ ရှိနေခြင်းကြောင့် ဖမ်းဆီးရမိ သည့် ငါးများကို အအေးခန်းတို့တွင်သာ သိုလှောင်ထားရသည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးဌေးဝင်း က ပြောသည်။

“ငါးတွေက တရုတ်ပြည်ကို ပို့တာများပါတယ်၊ ကိုဗစ်ကာလမှာ လောလောဆယ် တရုတ်ပြည်ဈေးကွက် က လည်း အားလုံကရပ်နေတယ်၊ ရပ်နေတဲ့အခါကျတော့ ကျနော်တို့က ဘာပဲဖြစ်ဖြစ် ဖမ်းတဲ့ဟာကလည်း ဖမ်း နေတယ်၊ လှောင်ထားတဲ့ဟာကလဲ မပို့ရတဲ့ အနေအထားလေး ရှိနေတော့ အခက်အခဲတွေ ကြုံနေတဲ့အနေ အထားမှာ တဘက်တလမ်းကနေ ပြည်သူလူထု လက်ဝယ်အရောက် ဆောင်ရွက်နေတာဖြစ်တယ်” ဟု ဦးဌေး ဝင်း က ပြောသည်။

COVID-19 ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ထွက် ငါးများ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိပဲ ငါးစျေး ကွက် ရပ်တန့်နေသည့် အနေအထားဖြစ်နေသည့် အတွက် ငါးလုပ်သားများ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ နေရ သည်။

ပြည်နယ်အတွင်း ထွက်ရှိသည့်ငါးများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်းပြီး သက်သာ သော စျေးနှုန်းဖြင့် စားသုံးသူပြည်သူများလက်ထဲ တိုက်ရိုက် ဖြန့်ဖြူးပေးသွားမည်ဟုလည်း ပြည်နယ်သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှဟန်က ပြောသည်။

မွန်ပြည်နယ်မှ ငါးပုတ်တင်၊ ငါးသလောက် အများဆုံးထွက်ရှိပြီး တရုတ်ပြည်စျေးကွက်ကို နှစ်စဥ် ငါးတန်ချိန် သောင်းနှင့်ချီ၍ တင်ပို့ရောင်းချနေသည်ဟု ငါးလုပ်ရှင်များထံမှ သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...