မွန်ပြည်နယ်အတွင်း သက်ငယ်မုဒိန်းမှု ပိုများလာ

မွန်ပြည်နယ်အတွင်း သက်ငယ်မုဒိန်းမှု ပိုများလာ

လွန်ခဲ့သည့် နှစ်အတွင်း မွန်ပြည်နယ်တွင် ဖြစ်ပွားသည့် မုဒိန်းမှုများအနက် ၈၀ ရာခိုင်နှုန်းခန့်သည် သက်ငယ် မုဒိန်းမှု များဖြစ်သည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူး (ဦးစီး) ထွန်းထွန်း က ပြောသည်။

မွန်ပြည်နယ်အတွင်း သက်ငယ်မုဒိန်းဖြစ်ပွားမှု များလာသည့်အခြေအနေရှိပြီး ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှု အများစုသည်လည်း အသက်မပြည့်ကြသူ အချင်းချင်း ကျူးလွန်မှုဖြစ်စဉ်က များသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ တာ ဝန်ရှိသူက ပြောသည်။

“မုဒိန်းမှုမှာတော့ ပုံမှန်က ၂၀ ရာခိုင်နှုန်းပဲရှိတာပေါ့ အမှု ၁၀၀ ဖြစ်လို့ရှိရင် ၂၀ လောက်ကတော့ ပုံမှန်ပေါ့ သူ့ ဟာသူ အဓမ္မပြုကျင့်တာပေါ့။ အရွယ်ရောက်ပြီးသားပေါ့ ၈၀ ရာခိုင်နှုန်းလောက်က အရွယ်မရောက်ပေါ့။ အရွယ်မရောက်ဆိုတဲ့နေရာမှာလဲ အသက်ကြီးတဲ့ လူကနေပြီးတော့ ခလေးကို ပြုမူလိုက်တဲ့အမှုမျိုး မဟုတ် ပါဘူး” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောသည်။

ယခုစာရင်းသည် ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အမှုများကို ဆိုလိုသည်။ အသက်မပြည့်ကြသူအချင်းချင်း ကြား ဖြစ်ပွားခဲ့သည့် ကျူးလွန်မှုများအပြင် အသက်ပြည့်သည့် လူကြီးများမှ အသက်မပြည့် ကလေးများအပေါ် ကျူးလွန်သည့် အမှုများလည်း ရှိသည်ဟု ရဲမှူး (ဦးစီး) ထွန်းထွန်းက ဆက်ပြောသည်။

“များသောအားဖြင့်တော့ ၁၈ နှစ်မပြည့်သေးတဲ့ သမီးရည်းစားစုံတွဲတွေ အချစ်နယ်ကျွန်ရာကနေ မိသားစု ပါ လာတာ။ လူမှုရေးကိစ္စတွေ ရှင်းမရတဲ့အဆုံးမှာ ရဲစခန်းမှာ လာအမှုဖွင့်ရင်းနဲ့ မုဒိန်းမှုတွေ ဖြစ်တာများပါတယ်။ အသက်မပြည့်တဲ့ခလေးကို အသက်ကြီးတဲ့လူက ပြစ်မှုကျူးလွန်တယ်ဘာညာကတော့ ရှိတော့ ရှိပါတယ် နည်း တယ်။”

သက်ငယ်မုဒိန်းကျူးလွန်သူတို့သည် မိသားစုဝင်များနှင့် ဆွေမျိုးတော်စပ်သူတို့က အများစု ဖြစ်နေသည်ဟု မွန် ပြည်နယ်အတွင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှားလုပ်ကိုင်နေကြသည့် အဖွဲ့အစည်းတို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် သက်ငယ်မုဒိန်းဖြစ်ပွားမှု များပြားလာကြောင်း အထူးသဖြင့် ကိုဗစ်ကူးစက်ရောဂါဖြစ် ပွားနေ သည့်ကာလတွင် သက်ငယ်မုဒိန်းကျူးလွန်မှု ပိုပြီးဆိုးလာသည်ဟု မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး ရှေ့ဆောင်အဖွဲ့က တာဝန်ရှိသူက ပြောသည်။

“သက်ငယ်မုဒိန်းက ပိုဆိုးလာတယ်၊ ဘာကြောင့်ပိုဆိုးလာလဲဆိုတော့ စိတ်ထွက်ပေါက် မရှိကြတော့တာ ကျမတို့ ဆီကိုတက်လာတဲ့ (သက်ငယ်မုဒိန်းဖြစ်စဉ်တွေ) ကိုကြည့်ရင် မိသားစုဝင်တွေ၊ နောက် အချင်းချင်းထဲက ပတ် ဝန်းကျင်ထဲကပဲ ကျူးလွန်ကြတယ်၊ ဒီ ကိုဗစ်ကာလထဲမှာ သက်ငယ်မုဒိန်းတွေက ပိုများလာပါတယ်” ဟု မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး ရှေ့ဆောင်အဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းထွေး က ပြောသည်။

၂၀၂၀ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် မုဒိန်းမှု ၉၆ မှုဖြစ်ပွားခဲ့ပြီး ၎င်းထဲတွင် သက်ငယ်မုဒိန်းမှု ၆၇ မှု ဖြစ်ပွားခဲ့ သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ရှိ စာရင်းအရ သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...