မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့ဦးဆောင်လူငယ်များ မူးယစ်ဆေးဝါးအသိအမြင်မြှင့်တင်ပွဲများ ဆက်တိုက်ပြုလုပ်သွားမည်

မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့ဦးဆောင်လူငယ်များ မူးယစ်ဆေးဝါးအသိအမြင်မြှင့်တင်ပွဲများ ဆက်တိုက်ပြုလုပ်သွားမည်

ဗညာစိုင်း — မွန်ဒေသရပ်ရွာဖွံံ့ဖြိုးရေးအဖွဲ့အစည်းက ဦးဆောင်၍ မူးယစ်ဆေးဝါးအသိအမြင်မြှင့်တင်ပွဲတစ်ရပ်ကို ရေးမြို့နယ်မြောက်ပိုင်း သင်္ကန်းကျွန်းကျေးရွာ၌ ဇန်နဝါရီလ ၁၁ ရက်နေ့ကပြုလုပ်ခဲ့ပြီးနောက် အခြားကျေးရွာများတွင် ဆက်တိုက်ပြုလုပ်သွားရန်စီစဉ်ထားကြောင်း Project Coordinator နိုင်ထောရတ်က ပြောသည်။

နိုင်ထောရတ်က “ဒီအသိအမြင်မြှင့်တင်ပွဲကို တစ်ရက်နီးပါး ပြုလုပ်ခဲ့တယ်၊ မူးဆေးသုံးစွဲဘူးသူတွေလဲ တက်ရောက်ကြတယ်၊ သူတို့လဲ စိတ်ဓါတ်အပြည့်နဲ့ပါဝင်ဆွေးနွေးလာတော့ ကျတော်တို့က ပိုပြီး အားရှိလာပါတယ်၊ မူးဆေးသုံးစွဲသူတွေကလဲ ဘောင်အပြင်မှာ မနေပဲနဲ့ လူသူတွေကြားမှာ များများပါဝင်နိုင်အောင်လဲ ကျနော်ရဲ့နောက်ရည်ရွယ်တစ်ခုပေါ့နော်၊ နောက်ထပ်လဲ သင်တန်းပို့ချသွားဖို့ရှိတယ်၊ နောက်သင်တန်းတစ်ခုအတွက် လူအသစ်ပါဝင်နိုင်ဖို့အတွက် နှိုးဆော်တိုက်တွန်းထားပါတယ်” ဟု ဆိုသည်။

လူငယ်များအနေဖြင့် ဥပဒေဆိုရင်ဗဟုသုတများ သိရှိနားလည်စေရန်၊ မူးယစ်ဆေးဝါးအမျိုးအစားများ သိရှိစေရန်နှင့် မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သတ်သော အသိအမြင်တိုးပွားစေရန် အဓိကထား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်္ကန်းကျွန်းကျေးရွာမှ မိပြုံးခိုင်က “ဒီလိုပွဲတွေလာပေးတဲ့အတွက် ကျမတို့ရွာမှာကတော့ အရမ်းကိုပျော်တယ်၊ ဒီဥပဒေနဲ့ပတ်သတ်တာတွေ ပိုပြီးနားလည်းလာတယ်၊ မူးယစ်ဆေးဝါး နည်းနည်းပါးပါးသုံးတဲ့သူတော့ရှိပေမယ့် အလွန်အကျွံတော့မဟုတ်၊ နောက်လဲ ကျမတို့ရွာကို လာပြီး သင်တန်းထပ်ပို့ချပါ ကျမတို့ကြိုဆိုပါတယ်” ဟု ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးအသိအမြင်မြှင့်တင်ပွဲများကို သင်္ကန်းကျွန်းကျေးရွာမှ လူငယ်များသာမက ရွာအနီးတဝိုက်ရှိ တော်ကမာကျေးရွာ လူငယ်များတက်ရောက်ခဲ့ပြီး သက်ကြီးပိုင်း၊ အမျိုးသား၊ အမျိုးသမီး အားလုံးစုစုပေါင်း ၂၉ ဦး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ဒေသတွင်း လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲနေမှုလျှော့ချနိုင်ရေးအတွက် ကိုင်တွယ်ဖြေရှင်းသွားရန် ကရင်အမျိုးသားအစည်းအရုံး KNU ဝင်းရေးမြို့နယ်နှင့် မွန်ပြည်သစ်ပါတီရေးမြို့နယ်(မြောက်ပိုင်း) တာဝန်ရှိသူများ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်အတွင်းက ရေးမြို့ပေါ်တွင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...