ခြံဝင်းတစ်ခုအတွင်း သိုလှောင်ထားသော လိုင်စင်မဲ့မော်ယာဉ် ၉စီး သိမ်းဆည်း

ခြံဝင်းတစ်ခုအတွင်း သိုလှောင်ထားသော လိုင်စင်မဲ့မော်ယာဉ် ၉စီး သိမ်းဆည်း

ကရင်ပြည်နယ် မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက် ချစ်ကြည်ရေးလမ်းရှိ မင်းပြည့်စုံ ကုမ္ပဏီခြံဝင်း အတွင်း ရပ်တန့်ထားသောလိုင်စင်မဲ့မော်တော်ယာဉ် ၉ စီးအား ယနေ့(ဇန်နဝါရီလ ၁၂ ရက်) နံနက်ပိုင်းက မြဝတီမြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေတပ်မတော်ပူးပေါင်းအဖွဲ့က ဝင်ရောက်သိမ်းဆည်းခဲ့သည်ဟု သိရသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး မြို့နယ်မှူးရဲမှူး မြင့်ဌေး ၊ မြဝတီမြို့ မရဲစခန်းမှူး ဒုရဲမှူး အောင်ကျော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ် (၃၁၀) ခြေမြန်တပ် ရင်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ချစ်ကြည် ရေးလမ်းရှိ၊ ခြံပိုင်ရှင် ဒေါ်မွေးငှားရမ်းထားပြီး ဦးအောင်ကျော်ဦး လက်ရှိနေထိုင်သည့် မင်း ပြည့်စုံ ကုမ္ပဏီခြံဝင်းတွင် အကောက်ခွန်မဲ့ မော်တော်ယာဉ်များ ရပ်တန့်ထားကြောင်း သတင်း အရ သွားရောက်ရှာဖွေမှုပြုလုပ်ခဲ့သည်။

ထိုသို့ ဝင်ရောက် ရှာဖွေမှု ပြုလုပ်ခဲ့ရာတွင် အကောက်ခွန်မဲ့ မော်တော်ယာဉ်များဖြစ်သော Crown အမျိုးအစား အဖြူရောင်ယာဉ် ၂ စီး၊ Oddassy အဖြူရောင်ယာဉ် ၁ စီး၊ Hijet အဖြူ ရောင်ယာဉ် ၁ စီး၊ Nissan Altrage အဖြူရောင် ၁ စီး၊ Surfe ခဲရောင် ၁ စီး၊ Inside အနီ ရောင် ၁ စီး၊ Passo  ခဲရောင် ၁ စီး၊ Nissan Tidda အနက်ရောင်  ၁ စီး စသည့် မော်တော်ယာဉ် ၉ စီးအား သိမ်းဆည်းခဲ့ဟု  မြဝတီမြို့မရဲစခန်းမှ သိရသည်။

ထို့အပြင် မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေး ဦးစီးသော ပူးပေါင်းအဖွဲ့သည် အကောက် ခွန်မဲ့မော်တော်ယာဉ်များကို သိုလှောင်ထားနိုင်သည့် အမှတ်(၅) ရပ်ကွက်၊ မြတ်လင်း အေးမြိုင်လမ်းအပါအဝင် နေရာအချို့၌ ဆက်လက်ရှာဖွေမှုများပြုလုပ်လျက်ရှိသည်။

အဆိုပါ သိမ်းဆည်းရမိသော အကောက်ခွန်မဲ့ မော်တော်ယာဉ်များနှင့်ပတ်သက်၍ တာဝန်ရှိ သူများကို အမှုဖွင့်လှစ်အရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ရဲ တပ်ဖွဲ့က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့များကလည်း တဖက်ကမ်းထိုင်း နိုင်ငံဘက်ခြမ်း တရားမဝင် လှေဂိတ်များမှတဆင့် နယ်ခြားသောင်ရင်းမြစ် ဖြတ်ကျော်တင် သွင်းကာ နယ်စပ်မြဝတီမြို့ရှိ ခြံဝင်းများအတွင်း သိုလှောင်ထားသော ဂျပန်ကျတပတ်ရစ် မော် တော်ယာဉ် အမျိုးအစားစုံ ၁၄၇ စီးကို ရဲတပ်ဖွဲ့နှင့်နယ်မြေတပ်မတော်ပူးပေါင်းအဖွဲ့က ဖမ်းဆီး သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သေးသည်။

Most read this week

ဓာတ်ပုံ - KIC
September 14, 2026
ကရင်ပြည်၊ ဖာပွန်ပြည်မြို့ (ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅)၊ မူတြော်ခရိုင်) ထဲသို့...
မြဝတီမြို့တွင် မော်တော်ယာဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးသွားသည့် မြင်ကွင်း / Crd
September 14, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနှင့် မြေနီကုန်းလမ်းဆုံ...
ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...