ဖားကန့်မြိုနယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အား မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်မှ အမှုဖွင့် တိုင်တန်းထား

ဖားကန့်မြိုနယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အား မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်မှ အမှုဖွင့် တိုင်တန်းထား

ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၉)  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်(ခ) ဦးချိုအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှ တပ်မတော်အကြီးအကဲများအား ဂုဏ်သိက္ခာညိုးနွမ်းစေအောင် ပြုလုပ်သည်ဟုဆိုကာ  ပုဒ်မ (၅၀၀) ဖြင့်  တရားစွဲဆိုထားကြောင်း သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က ဇန်နဝါရီလ (၈) ရက်နေ့တွင်  အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရခြင်းသည် ၂၀၁၉ခုနှစ် ဒီဇင်ဘာ (၂၃) ရက် နေ့ ပါ ရက်စွဲဖြင့်  နိုင်ငံတော်သမ္မတရုံး ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပေးပို့တင်ပြခဲ့သည့်   ဦးခင်မောင်မြင့်(ခ) ဦးချို၏ တင်ပြစာတွင် တပ်မတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာ ညိုးနွမ်းစေသည့် အသုံးအနှုန်းဝေါဟာရများ ပါရှိနေခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရသည်။

ဦခင်မောင်မြင့်(ခ) ဦးချိုမှ ဖားကန့်မြို့နယ် ၊ ဟောင်းပါးကျေးရွာအုပ်စုတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ဖမ်းဆီးရမိခဲ့သည့် ဘက်ဖိုးယာဉ် ၊ မြေသယ်ယာဉ်၊ ယန္တယားစက်ကြီးမျာအား ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော် သမ္မတထံ တင်ပြခဲ့သည်ဟု သိရသည်။

တင်ပြစာတွင် မဟုတ်မမှန် တမင်ကြံလုပ်တင်ပြခဲ့မှုများ ရှိခဲ့သည်ဟု ဆိုကာ ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် တပ်မတော်အရာရှိတစ်ဦးမှ  ဖားကန့်မြို့နယ်တရားရုံးကိုတိုင်ကြားခဲ့ပြီး အဆိုပါတိုင်းကြားမှုကို ဖားကန့်မြို့နယ်တရားရုံးမှ ရာကြီးအမှုအမှတ် ၅၈၁/၂၀၂၀ ၊ ပုဒ်မ (၅၀၀) ဖြင့် လက်ခံခဲ့ကြောင်းလည်း သိရသည်။

"ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲဆိုထားတာ မှန်ကန်ပါတယ်။  တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့ အပေါ်မှာ စွဲဆိုထားတဲ့အမှုဖြစ်တယ်။ အမှုကတော့ တစ်စုံတစ်ရာ စစ်ဆေးခြင်း မရှိသေးတဲ့အတွက် လောလောဆယ်တော့ ဘာမှမပြောနိုင်‌သေးဘူး" ဟု ဦးခင်မောင်မြင့် (ခ) ဦးချိုဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက အတည်ပြုပြောကြားသည်။

ဇန်နဝါရီလ (၈) ရက်နေ့တွင် ပထမရုံချိန်းအဖြစ် တရားသူကြီးထံ အာမခံယူခဲ့ပြီး ဒုတိယ ရုံးချိန်းကို ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရပြီး ဦးခင်မောင်မြင့်(ခ) ဦးချိုသည် လက်ရှိတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကာ၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် လည်း ဖားကန့်မြို့နယ် အမျိုးလွှတ်တော်ကိုယ်စားလှယ်နေရာတွင် ထပ်မံ အနိုင်ရရှိထားသူဖြစ်သည်။

သတင်း၊ ဓါတ်ပုံ- ဇော်မိုးထက်(ဖားကန့်)

Most read this week

September 18, 2026
ကချင်ပြည်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်အကြားရှိ ကျေးရွာများတွင် ငှက်ဖျားနှင့် ရာသီတုပ်ကွေး...
ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော။ / Credit
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော အများစုကို...
September 14, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော...
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...